Part 7

1.5K 109 0
                                    

Campus ထဲ ​လျှောက်​ကြည့်​ပြီး ပြန်​လာ​တော့ သူမတို့ Class ​ရှေ့မှာ Song Mino ကို ​တွေ့လိုက်​ရသည်​ ကိုယ်​နဲ့မှ မဆိုင်​​တော့တာ ဟု သ​ဘောပိုက်​ကာ သူ့ကို မမြင်​ချင်​​ယောင်​​ဆောင်​ပြီး Class ထဲကို ဝင်​လာ​တော့ သူမ Desk ​ပေါ်မှာ နှင်းဆီ အနီ ၃ပွင့်

"Geez ဒီ​နေရာ​ရောက်​လာတဲ့အထိ​တောင်​ ငါ့ကို ​နှောင့်​ယှက်​​နေတုန်းပဲလား Song Mino"

နှုတ်​ခမ်းလှုပ်​ရုံမျှ ရွတ်​ပြီး ပန်း​တွေကို ကိုင်​ကာ Class အပြင်​ထွက်​လာခဲ့သည်

"Ya Song Mino ဒီနှင်းဆီ ၃ပွင့်​က ငါ့စားပွဲ​ပေါ်မှာ နင်​တင်​ထားတာလား ? "

"​နေစမ်းပါဦး ဒီ​လောက်​အချိန်​​တွေ ကြာသွားတာ​တောင်​ ငါက နင့်​အကြိုက်​ကို မှတ်​မိ​နေရဦးမှာလား "

မှတ်​မိ​နေလို့ပဲ နင်​ ဒီလို ​ပြော​နေတာ မဟုတ်​ဘူး​လား ငါ​နော်​ !!!

"ငါ့​​မေးခွန်းကို ဟုတ်​တယ်​ မဟုတ်​ဘူးပဲ ​ဖြေစမ်းပါ Song Mino ​မေးခွန်းကို ​မေးခွန်းနဲ့ တုန့်​ပြန်​ရ​အောင်​ ငါတို့က စကားနိုင်​လု​နေကြတာလည်း မဟုတ်​ဘူး "

"ဟက်​ ..... နင်​က အရင်​က အတိုင်းပဲ တခုမှ မ​ပြောင်းလဲ​သေးဘူး Btw ငါ တင်​ထားတာ​တော့ မဟုတ်​ဘူး "

သေချာလား လို့ သူမ​မေးရန်​ ပါးစပ်​ပြင်​ဆဲ

"ငါက ဒီကို မ​နေ့ကမှ ​ရောက်​လာတာ Campus ​တောင်​ ​လျှောက်​မကြည့်​ရ​သေးဘူး ပန်းဆိုင်​ဆို ​ဝေး​ရောပဲ "

Mino စကားဆုံး​တော့ သူ့မျက်​လုံးထဲ တည့်​တည့်​စိုက်​ကြည့်​လိုက်​သည်​ Song Mino ဆိုတဲ့​ကောင်​​လေးဟာ ညာပြီဆိုရင်​ သူညာထားတဲ့သူနဲ့ မျက်​လုံးချင်းမဆုံရဲ​တော့တာကို သူမသိ​နေ၍ဖြစ်​သည်​ ဒီတခါ​တော့ သူ့လက်​ချက်​မဟုတ်​တာဖြစ်​နိုင်​သည်​ Jennie စိုက်​ကြည့်​တာကို တုန်​လှုပ်​မသွားတဲ့ အပြင်​ သူမကို အ​ချေပြုံးပြုံးပြလိုက်​​သေးသည်

'အဲ့အပြုံး​ကြောင့်​ ငါနင့်​ကို အမြင်​ကတ်​တာ'

ဒီစကားက သူမစိတ်​ထဲကပဲ ​ပြောလိုက်​တဲ့စကား တကယ်​လို့ သူမနှုတ်​က ထွက်​မိသွားရင်​ ဘယ်​လို​တွေ ဖြစ်​ဘာမလဲဆိုတာကို သူမအသိဆုံးဆို​တော့ ဘာတခုမှ မ​ပြော​တော့ဘဲ လှည့်​ထွက်​လာခဲ့သည်

သူ့တ​ယောက်​ကိုသာ .........Where stories live. Discover now