The next day
မနက်ဆို စောစောထနေကျ ဖြစ်၍ မနက် ၄ နာရီ အတိမှာ သူမ မျက်လုံးအစုံ ပွင့်လာသည်
အိပ်ရာမထခင် ဘေးကို တချက်ကြည့်လိုက်တော့ ကောင်မလေးတယောက်
Jennie Kim တယောက် လန့်ပြီး အော်လုနီးပါးဖြစ်သွားသည်
နောက်တော့မှ သူမ roomate မှန်း သတိရသွားပြီး ပါးစပ်ကို အတင်းပိတ်ထားလိုက်ရသည်
ထို့နောက် မိန်းကလေးပီပီ စပ်စုချင်စိတ် ပေါ်လာကာ အနားကပ်ကြည့်တော့ မနေ့က သူမကို မချေမငံပြောဆိုသွားတဲ့ ကောင်မလေး
"ဒီကောင်မလေးနဲ့ အခန်းတူတူသုံးလို့ အဆင်ပြေပါ့မလားနော်"
ခဏလောက် စိတ်ထဲ ရှုပ်ထွေးသွားသော်လည်း ကြာကြာမတွေးတော့ဘဲ ရေချိုးဖို့ ပြင်နေလိုက်သည်
ကျောင်းကို မနေ့က ရောက်လာသော်လည်း Campus ကို လျှောက်မကြည့်လိုက်ရသဖြင့် မနက်အစောကြီးထကာ ပြင်ဆင်နေခြင်းပင်
ဤသို့မဟုတ်လျှင် ဆရာမက ကျောင်းသားတယောက်ယောက်အား သူမကို ပတ်ပြခိုင်းတော့မည်ဖြစ်သည်
သူမ အမုန်းဆုံးကလည်း တယောက်ယောက်ရဲ့ ဦးဆောင်မှုနောက်က လိုက်လုပ်ရသည်ပင်ဖြစ်၍ အလိမ္မာသုံးကာ ရှောင်ထွက်ရပေတော့မည်
အားလုံးပြီးစီးသွားတော့ ၇ နာရီခွဲ အတိ
အတန်းက ၉ နာရီစမည်ဖြစ်သည် ဆိုတော့ ကြားထဲမှာ ၁ နာရီတောင် အချိန်ရသေးသည်
သို့ပေမဲ့ အခန်းထဲမှာ နေရတာ ပျင်းစရာကြီးဆိုတော့ အပြင်ထွက်လာခဲ့လိုက်သည်
အခန်းတံခါးပိတ်ပြီး တလှမ်းပဲ လှမ်းရသေးသည်
နောက်မှ ပြေးလိုက်လာသံကြား၍ လှည့်ကြည့်လိုက်တော့ မျက်မှန်တပ်ထားပြီး(ပုလင်းဖင်လောက်ရှိတဲ့ မျက်မှန်မျိုးတော့ မဟုတ်ပါ ဤကား စကားချပ် :3 ) ponytail စည်းထားတဲ့ ကောင်မလေးတယောက် သူမကိုကြည့်ကာ လက်ကာပြနေသည်ကို မြင်လိုက်ရသည်
YOU ARE READING
သူ့တယောက်ကိုသာ .........
Fanfiction" သိတာပေါ့ မသိဘဲ ဘယ်နေပါ့မလဲ ဒါပေမဲ့လေ ဒီအရာတွေ အားလုံးက သူနဲ့အတူ ဆက်ရှိနေဖို့အတွက်ရည်ရွယ်ခဲ့တာ အခုတော့ အခုတော့ ငါ့ဘေးမှာ သူမရှိတော့ဘူးလေ ဒီတော့ ဒါတွေက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မလဲ "