သြော် ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ရမှာပေါ့
ကျွန်တော်ကိုယ်ကျွန်တော် ကျွန်တော်လို့ သုံးပေမဲ့ မိန်းကလေးပါ
ပြီးတော့ ယောကျာ်းစိတ်လည်း မဟုတ်ပါဘူး XD
ကျွန်တော့်နာမည်က Lisa ပါ
အရင်ကတော့ ကျွန်တော့နာမည်က Lalice ပေါ့
ဒါပေမဲ့ ကျွန်တော့် အဖေ ဆုံးသွားပြီးတဲ့နောက် ကျွန်တော့အမေ နောက်အိမ်ထောင်ပြုသွားတဲ့နောက်မှာ ကျွန်တော့်နာမည်ကို ပြောင်းပစ်လိုက်တယ်
ကျွန်တော် အမေ့ကို နောက်အိမ်ထောင်မပြုဖို့ တားတုန်းက အမေ့ပြောစကားကြောင့်ပေါ့
" ငါက သမီးမိန်းကလေးနှစ်ယောက်ပဲ မွေးထားတာလေ သားယောကျာ်းလေးမှ မဟုတ်တာ အဲ့တော့ ငါနောက်အိမ်ထောင်ပြုရတော့တာပေါ့ နင်သဘောမတူလည်း ငါ နောက်အိမ်ထောင်ပြုရမှာပဲ နင့်အမတောင် ဘာမှ မပြောဘူး"
အမက ဘယ်ပြောမလဲဗျ သူက အလုပ်နဲ့ အကိုင်နဲ့ ဖြစ်နေပြီလေ သူ့ဟာသူ အပြင်မှာ ထွက်နေလို့ရတယ် ကျွန်တော်က အခုမှ ကျောင်းသူပဲ ရှိသေးတာ
အဲလိုပြောလိုက်ချင်ပေမဲ့ အမေဆိုတော့လည်း ဒီစကားတွေကို ကျွန်တော်ထုတ်မပြောဖြစ်ခဲ့ပါဘူး
ကျွန်တော့်စိတ်ထဲမှာပဲ သိမ်းထားခဲ့တယ်
ဒါပေမဲ့ အမေကတော့ ကျွန်တော့်လိုမဟုတ်ဘူးရယ်
နေ့ချင်းညချင်း အဘွား ဟိုလူကြီးတို့နဲ့ တိုင်ပင်ပြီး ကျွန်တော်ကို ဆိုးလ်အထိ ပို့လိုက်တာပါပဲ
•
ကျွန်မက Jennie Kim ပါ
ငယ်ငယ်တုန်းက မိသားစုပြိုကွဲမှာစိုးလို့ New Zealand ကို မိသားစုလိုက်ပြောင်းခဲ့ရပေမဲ့ နောက်ဆုံးတော့လည်း ကျွန်မအသက် ၁၈နှစ်အရောက် အဖေ အိမ်ပေါ်က ဆင်းသွားပြီးတဲ့နောက်မှာ ပြိုကွဲသွားခဲ့တာပါပဲ
ကျွန်မလည်း စိတ်ညစ်ညစ်နဲ့ ငယ်ငယ်တုန်းက အိမ်နီးနားချင်းဖြစ်ခဲ့တဲ့ ညီမလေးတို့မိသားစုကို သွားတွေ့မယ် အကြောင်းပြပြီး Korea ကို ပြန်လာခဲ့တယ်
ရောက်ရောက်ချင်းသွားရှာခဲ့ပေမဲ့လည်း တွေ့ခွင့်မကြုံခဲ့ပါဘူး
သူတို့မိသားစုက ဆိုးလ်ကို ပြောင်းသွားကြပြီတဲ့လေ
ကျွန်မလည်း ဆိုးလ်မှာ ကျောင်းတက်ရမှာဆိုတော့ ကံကြမ္မာမကုန်သေးရင် သူနဲ့ ပြန်တွေ့ရမှာပေါ့လေ
•
YOU ARE READING
သူ့တယောက်ကိုသာ .........
Fanfiction" သိတာပေါ့ မသိဘဲ ဘယ်နေပါ့မလဲ ဒါပေမဲ့လေ ဒီအရာတွေ အားလုံးက သူနဲ့အတူ ဆက်ရှိနေဖို့အတွက်ရည်ရွယ်ခဲ့တာ အခုတော့ အခုတော့ ငါ့ဘေးမှာ သူမရှိတော့ဘူးလေ ဒီတော့ ဒါတွေက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိတော့မလဲ "