ep.2

1.7K 144 14
                                    

ကျ​နော်​ လမ်းပြန်​လာတဲ့တစ်​လမ်းလုံး စဉ်းစားလာခဲ့တာ အိမ်​ပြန်​​ရောက်​ရင်​ ​ဒေါ်​လေးကို ဘယ်​လို​ပြောရမလဲဆိုတာ ​​ဒေါ်​လေးက ကျန်းမာ​ရေးကလဲ​ကောင်းတာမဟုတ်​ဘုး​လေ ..ခုလိုမျိုးအလုပ်​ပြုတ်​သွား​တော့ ​ဒေါ်​လေး​ဆေးဖိုး ဘယ်​ကရမလဲ..တစ်​လမ်းလုံး အမျိုးမျိုး​​တွေးပီး လာခဲ့တာ..အိမ်​ပြန်​​ရောက်​​တော့ ​ဒေါ်​လေးက ထမင်းစားဖို့်​ပြင်​​နေတာနဲ့တူတယ်​ ကျ​နော်​ကိုမြင်​​တော့ ​စောလှချည်​လားတဲ့ အလုပ်​က ထမင်းတစ်ခါထဲဝင်​စား​တော့တဲ့..​ဒေါ်​လေးနဲ့မျက်​နှာချင်းဆိုင်​မှာ ဝင်​ထိုင်​ပီး...

""​ဒေါ်​လေ...ကျ​နော်​..အလုပ်​ပြုတ်​သွားပီ""

""ဘယ်​လိုဖစ်​တာလဲသားရယ်​...""

""ဒီတိုင်း ဆိုင်​ရှင်​နဲ့အဆင်​မ​ပြေဖစ်​တာပါ ​ဒေါ်​လေး..သား ည​နေကျ အလုပ်​ထွက်​ရှာပါ ​​ဒေါ်​လေ..""

ပြောရင်​ ကျ​နော်​မျက်​နှာ ညှိုးနွမ်းသွားတာကို ​ဒေါ်​လေး မြင်​သွားတယ်​ထင်​ရ.....

""ရပါတယ်​ သားရယ်​ ..ခုဘာမှစိတ်​မ​ကောင်းဖစ်​မ​နေနဲ့ ​ဒေါ်​လေးကျန်းမာ​ရေးက သိပ်​ဆိုးတာမဟုတ်​ပါဘူး သားရဲ့""

"" ......""

ထမင်းစားပီး ခနနား ​ရေချိုးပီး အလုပ်​ထွက်​ရှာရန်​ပြင်​လိုက်​တယ်​...ည​နေထိ​စောင့်​မ​နေ​တော့ဘူး အလုပ်​က တစ်​လုပ်​ မရရင်​ တခြားအလုပ်​​တွေ​ကော ပတ်​​ရှာရမှာဆို​တော့ ..​ဒေါ်​လေးကို အိမ်​ပြန်​​နောက်​ကျရင်​စိတ်​မပူဖို့​ပြောပီး ထွက်​လာခဲ့တယ်​ .....

သတင်းစာထဲမှာပါတဲ့အလုပ်​​တွေ ပတ်​​လျှောက်​တာ အဆင်​မ​ပြေပါဘူး ခုဆို မိုးလဲချုပ်​​နေပီ အိမ်​ပြန်​လမ်းက တိတ်​ဆိတ်​​နေတာဘဲ တစ်​ခါမှ မိုးချုပ်​ရင်​အပြင်​မထွက်​ဖူးဘူး ​တစ်​​ယောက်​ထဲ ​ကြောက်​​ကြောက်​နဲ့ ​ရှေ့ကြည့်​လိုက်​ ​နောက်​ကြည့်​လိုက်​နဲ့ လမ်း​လျှောက်​လာရင်​...အ​ရှေ့က​နေ ကားတစ်​စီးပတ်​ရပ်​လိုက်​​တော့ လူကလန့်​ပီး ​နောက်​ပြန်​​တောင်​လဲ ကျတယ်​.....

""သူ့ကို​ခေါ်ခဲ့လိုက်​...""

ကျ​နော်​ လန့်​ပီး​ကြောင်​​နေတုန်း ကားထဲက​နေ လူတစ်​​ယောက်​က ကျ​နော်​ကို ​ခေါ်ဖို့ကို အမိန့်​​ပေးလိုက်​​တော့ ကားထဲက​နေ လူနှစ်​​ယောက်​ထွက်​လာပီး အတင်း​ဆွဲ​ခေါ်တယ်​...

You're MineWhere stories live. Discover now