ကဗျာဟူသည်

246 12 4
                                    


"ကဗျာဟူသည်"

ကဗျာဟူသည် များစွာသော
အနုပညာရေးရာထဲမှ အရေးပါဆုံး အရာတစ်ခုဖြစ်သည်။

အနုပညာဟူသည် စာဖတ်သူ၏
သိမူနယ်ပယ်ကို အနုပညာဖန်တီးသူ၏ စိတ်ကူး မြင့်မားလာမူနှင့်
နယ်ချဲ့ပေးထားခြင်းပင်ဖြစ်သည်။

ချယ်နင်း(၁၈၁၀-၁၈၈၄)က _

"ကဗျာဟူသည် သဘာဝ၏ ချစ်စရာ
ကောင်းခြင်းကို ကျွန်တော်တို့အား ဖော်ပြပေး၏။

အရွယ်ကောင်းစဉ်က ရှိခဲ့ဖူးသော
စိတ်၏လတ်ဆတ်မူကိုလည်း
ပြန်၍ဆောင်လာ၏ ။

ရိုးရှင်းသော ပျော်ရွှင်မူများ၏ အရသာကိုလည်း ပြန်၍ဖော်၏။

ကျွန်တော်တို့၏ နွေဦးကာလအား ပူနွေးစေခဲ့သော စိတ်အားတတ်ကြွမူကိုလည်း အာသာပြေမသွားအောင် လုပ်ထားသေးသည်။ ငယ်ချစ်ကို
လည်း ပြန်လည်၍ လင်း
တောက်စေ၏ ။ လူ့သဘာဝကို
လည်း ပို၍စိတ်ဝင်စား နေနိုင်အောင် စွမ်းဆောင်၏။ ထို့အပြင် နူ
ညံဆုံးသော ၊ သိမ့်မွေ့ ဆုံးသော၊
စိတ်ခံစားမူ ဝေဒနာ အပြားပြားကို ထင်ထင်ရှားရှား ပိုင်းခြားပြသ၍ လည်းကောင်း၊ အနာဂတ်ဘဝတွင် သက်ဝင်ယုံကြည်စေခြင်းကို
လည်းကောင်း၊ ရှေ့အနာဂတ်ဟောကိန်းများကို ထင်ထင်လင်း
လင်းပြသ၍ လည်းကောင်း
အထောက်အပံပြုပေးသည်"
ဟု ဆိုခဲ့လေသည်။

ဆရာမောင်သာနိုးကလည်း ကဗျာနှင့်ပတ်သက်ပြီး သူ၏ ပိဋကမှ ကဗျာဆရာဆိုသော ဆောင်းပါးတွင် ကဗျာနှင့်ပတ်သတ်ပြီး ဖော်ပြခဲ့သည်မှာ
၁။ ကဗျာ၏ မူလအစက ဘာလဲ။
ကဗျာ၏အစဟာ ဆန်း(မတြာဗေဒ) ဖြစ်သည်။
၂။ကဗျာကို ဖော်ကျူးရာဟာ ဘာလဲ။
ကဗျာကို ဖော်ကျူးရာဟာ အက္ခရာ ဖြစ်သည်။
၃။ကဗျာဟာ ဘာကိုမှီသလဲ။
ကဗျာဟာ နာမ်အပေါ် မှီသည်။
၎။ကဗျာရဲ့ စံအိမ်ကဘာလဲ။
ကဗျာ၏ စံအိမ်က ကဗျာဆရာ ဖြစ်သည် ဟူ၏။လူတို့သည် စိတ်ကူးကောင်းများကို စိတ်ကူးကြပါသည်။ သို့သော်လည်း ထိုစိတ်ကူးကောင်းတွေထက် သာလွန်သော စိတ်ကူးမျိုးကိုမှ ကဗျာဟု ခေါ်လေသည်။ ဥပမာ- အိမ်များသည် အားလုံး အိမ်ချည်းပင် ဖြစ်သည်။ သို့သော် ထိုအိမ်များထဲမှာပင် အကောင်းဆုံးဟူသည်အိမ်မှာ နန်းတော်ဖြစ်လေသည်။ ထိုနန်းတော်သည် ကဗျာပင်ဖြစ်၏ ။ တစ်ဖန် ဆရာဇေယျကလည်း ကဗျာသည် လူတို့၏ အထိန်းအကျောင်းကြီး တစ်ရပ် ဖြစ်ပေသည်။ ယင်းသည် ရိုင်းပျသောစိတ်ကို ယဉ်ကျေးအောင် ပြုပြင်ခြင်း၊ ညစ်နွမ်းသော စိတ်ကို ကြည်လင်အောင် ဖန်တီးပေးခြင်း၊ နိမ့်ကျနေသော စိတ်ကို မြင့်တတ်လာအောင် မြှင့်တင်ပေးခြင်း ၊ ဖရိုဖရဲဖြစ် နေသော စိတ်ကို ကြံခိုင်လာအောင် အားပေးခြင်းဟူသည့် လူတို့အတွက် အရေးကြီးဆုံးသော လုပ်ငန်းကို ဆောင်ရွက် ရသည် ဟူ၏။

အကိုးအကား
---------------
၁။ဦးညွှန့်ဝေ၏ ကဗျာကပြောသော ကဗျာဆရာများ

ကဗျာ​ဖြင့် မွေ့လျော်ခြင်းWhere stories live. Discover now