ကဗျာဖြင့်မွေ့လျော်ခြင်း
ရတုရတုဆိုသည်မှာ လင်္ကာမှပေါ်က်ဖွားလာသော အဖွဲ့အနွဲ့တစ်မျိုးဖြစ်သည်။ ရတုကို အစပြုခုနှစ်နှင့်ခေတ်ကိုတော့ ပင်းယခေတ် (674AD) လောက် ဖြစ်မည်ဟု ခန့်မှန်းထားကြသည်။ ရတုနှင့်ပတ်သက်၍ အေဒီ၆၇၃ခုနှစ်တွင် အဝဘုရင် ပထမမင်းခေါ်င်ကြီးသည် မြန်မာမူကို များစွာအားပေးခဲ့ရာ သူကိုယ်တိုင် ကျေးစေယ်ဘွဲ့ရတုတစ်ပုဒ်ကို ရေးဖွဲ့ခဲ့ဖူးသည်ဟုလည်း ဆိုကြသည်။
ရတုကို တစ်ပိုဒ်ထဲ ရေးဖွဲ့လျင် ဧကပိုဒ်ရတုဟုခေါ်သည်။ နှစ်ပိုဒ်ရေးဖွဲ့ထားပါက အဖြည့်ခံရတုဟု ခေါ်သည်။ ယင်းရတုတွင် နှောင်းစာဆိုများက ကျန်တစ်ပိုဒ်ကို ဖြည့်ကာရေးပေးရသည်။ သုံးပိုဒ်ကို တစ်ဦးတည်းက ရေးဖွဲ့လျှင် ပိုဒ်စုံရတုဟုခေါ်သည်။ ဆရာတော် ရှင်မဟာရဋ္ဌသာရသည် သူ၏ပိုဒ်စုံရတုများကို တောင့်တဲတွန့်ဖွဲ့နည်းဖြင့် ဖွဲ့ခဲ့သည်။ ပိုးတောင့်တဲကလေးများ တွန့်လိုက်ဖြေလိုက်သွားနေသည်ကိုကြည့်လျှင် နွဲ့နွဲ့လျလျနှင့် လှလှပပသွားနေပုံကို မြင်ရသကဲ့သို့ ဖွဲ့နွဲ့ထားခြင်းဖြစ်သည်။ ထိုထက်စောသော အခြေအနေကိုကြည့်လျှင်မူ အေဒီ၁၅၀ခန့်က ပေါ်ပေါ်က်ခဲ့သော သျိူးလိုက်ရတုများကို တွေ့မြင်နိူင်ပါသည်။ ပညာရှင်အများစုကမူ သျိုးလိုက်ရတုမှ ရခိုင်စာပေမှ ပေါ်ပေါ်က်ခဲ့သည်ဟု ဆိုကြသည်။ ထိုသျိုးလိုက်ရတုမှာ ရှင်လောင်းလှည့်ရတုအသွားမျိုးဖြစ်သည် ဟူ၏။
ရတုကဗျာများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တည်ခဲ့သော အင်းဝခေတ်တွင်မူ ဆရာတော် ရှင်ဥတ္တမကျော်သည် မြတ်စွာဘုရား ကပ္ပိလာဝတ်သို့ ကြွတော်မူခန်း တောလားရတုကြီးကို ရေးဖွဲ့ခဲ့ရာ အထူးထင်ရှားခဲ့ပါသည်။ ဆရာတော်သည် ထိုရတုကို စပ်ဆိုရာ၌ မိမိကိုယ်တိုင် တောထဲတောင်ထဲ လှည့်လည်နေထိုင်သူ ဖြစ်သောကြောင့် တောလားရတုကို ပိုမိုပြောင်မြောက်အောင် စပ်ဆိုနိူင်ခဲ့ခြင်း ဖြစ်သည်။
ထိုအတူ ဆရာတော် ရှင်မဟာရဠသာရသည်လည်း ထင်ရှားကျော်ကြားသော ရဟန်းစာဆိုဖြစ်သည်နှင့်အညီ ထင်ရှားလှသော ရတုများကို စပ်ဆိုခဲ့ပါသည်။ ဆရာတော်၏ ထင်ရှားလှသော ရတုများမှာ ရှင်မဟာသီလဝံသ၏ အမေးကိုဖြေသောရတု ၊ ပြည်မြို့ဝံတောင်လည်ဘုန်းတော်ကြီးကို မေးလျှောတ်သည့်ရတု ၊ ရာဇဝသတီခန်းရတု ၊ ပုလဲတစ်တန့် သန္တတစ်တန့် ဆိုနည်းရတု ၊ မုတ္တရွှဲသီဆိုနည်းရတု ၊ ဘုရားတိုင်ရတု ၊ မယ်ဘွဲ့ရတု ၊ ကိုယ်ရည်သွေးရတု တို့ပင်ဖြစ်သည်။