ဟိုက္ကူ (Haiku)
ဟိုက္ကူ သည် ဂျပန်မှ စတင်ဖံွံ့ ဖြိုးလာသော ကဗျာအမျိုးအစားတစ်ခုဖြစ်ပြီး ယင်းကို ချိတ်ဆက်ကဗျာဟုလည်း ခေါ်ကြသည်။ ထိုဟိုက္ကူခေါ် ချိတ်ဆက်ကဗျာကို ထူထောင်ခဲ့သူတို့ မှာ ဆိုဂီ(Soji) ရှိုမာကု(Shohaku) ဆိုချို(Socho) တို့ ဖြစ်သည်။
ထိုသုံးဦးသည် ၁၄၈၈ခုနှစ်တွင် တွေ့ ဆုံခဲ့ကြပြီးနောက် သုံးဦးစပ်၍ ဟိုက္ကူချိတ်ဆက်ကဗျာ ၁၀၀ကို ဖွဲ့ ဆိုခဲ့ကြသည်။ ထိုကဗျာ ၁၀၀မှာ စည်းကမ်းချက်များနှင့် ညီညွှတ်ရုံမျှသာမက ဖန်လိုက်သောအခါတွင်လည်း အကြောင်းအရပ် နှစ်မျိုးနှစ်စားဖွဲ့ နွဲ့  ထားသည့်အလား တွေ့ မြင်ရသည်ဟု ပညာရှင်တို့ က သုံးသပ်ကြသည်။ ထိုကဲ့သို့  ဖွဲ့ဆိုရသော ကဗျာပုံစံမျိုးကိုလည်း ဂျပန်ကဗျာဆရာတို့ က အတော်သဘောကျခဲ့ကြသည်။
ဂျပန်ကဗျာဆရာ အစ္စ(Issa AD 1763-1828)ကမူ သူသည် ဟိုက္ကူကဗျာများကို ဖွဲ့ ဆိုရာတွင် ပြည်သူလူထု နားလည်စေလိုသောသဘောဖြင့်သာ ဖွဲ့ ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုဟိုက္ကူကဗျာလေးများသည် လောကကြီးထဲမှာ ဘာမျှမပြောပလောက်သော သာမန်အဖြစ်အပျက်လေးများကို ထာဝရတည်တံအောင် စွဲဆောင်ပေးကြသည်။ ထိုဟိုက္ကူကဗျာများကို သာမန်အားဖြင့် ပျော်စရာအကြောင်းများသာ ဖွဲ့ ဆိုကြသည်မှာ မှန်သော်လည်း တခါတရံ ဝမ်းနည်းဖွယ် သနားစဖွယ် အကြောင်းအရာများကိုလည်း ဖွဲ့ ဆိုထားသော ဟိုက္ကူများလည်း ရှိပါသည်။ဟိုက္ကူ ကဗျာများနှင့် ပတ်သက်ပြီး ဂျပန်ကဗျာဆရာကြီး ကေတို(Kato)က ဟိုက္ကူ ကဗျာများမှာ ရိုးသားမူတစ်ခုတည်းကိုသာ တောင်းဆိုပြီး သမားဂုဏ်မပြဖို့  စည်းကမ်းချက်တစ်ခုတည်းကိုသာ မေတ္တာရပ်ခံပါသည်ဟု ဆိုခဲ့ဖူးသည်။ သို့ ပါသော်လည်း ဟိုက္ကူ ကဗျာများသည် ကဗျာပါအကြောင်းအရာကို ပြန်လည်ပြောမပြနိုင်သော စာပေပုံစံတစ်ရပ်အနေဖြင့်ရှိသည်။ တစ်ခါတရံ ထိုကဗျာများသည် စုပေါ်င်းစပ်ဟပ်၍ ကစားရသော ကလေးငယ်တို့ ၏ သစ်တုံးအိမ်ကလေးများနှင့်လည်း တူသည်။ တခါတရံတွင်လည်း လှပသော တေးသွားများကို တီးမှုတ်ရန်အတွက် ရေးထုတ်ထားသော ဂီတသံစဉ်သင်္ကေတများနှင့်လည်းတူသည်။
သို့ ဖြစ်ရာ ဟိုက္ကူ ကဗျာလေးများ၏ အလှသည် ကြောင်းကျိုးဆက်စပ်မူအပေါ်တွင် လည်းကောင်း အဓိပ္ပာယ်ဆိုလိုရင်းများအပေါ်တွင်လည်းကောင်း ရှာဖွေမတွေ့ ရှိရတတ်ဘဲ ထိုအရာ၏ နောက်ကွယ်မှာသာ ကဗျာ၏ အလှတရားက ပုန်းကွယ်နေတတ်ပါသည်။ ထိုကြောင့် ဟိုက္ကူ ကဗျာများ တိုတိုနှင့် လိုရင်းရောက်အောင် ဖွဲ့ ဆိုတတ်မူမှာ များစွာ အရေးပါသော အချက်ဖြစ်သည်။ အတွေးကောင်းရန်လည်း အထူးလိုအပ်သည်။
ဂျပန်ပြည်တွင်အိမ်ကထွက်ပြီး နေရာအနှံလှည့်လည်သွားရောက်၍ ဟိုက္ကူ ကဗျာစပ်ကြသူတို့ ကို ကဗျာခရီးသည်ဟု ဆိုကြသည်။ ဟိုက္ကူ ကဗျာများအတွက် ကုန်ကြမ်းများသည် သက်မဲ့ သဘာဝလောကတွင်သာမက မိမိနှင့်တစ်ခါမျှ သိကျွမ်းဖူးခြင်းမရှိသော လူများ၏ လှုပ်ရှားပြုမူဟန်များသည်လည်း ကုန်ကြမ်းများဖြစ်တတ်လေသည်။ ကဗျာဆရာဆေးရှီကမူ ဟိုက္ကူ ကဗျာတစ်ပုဒ်မှာ ခံစားချက်တစ်ခုကို တိုက်ရိုက်ဖော်ထုတ်မည်ဆိုလျှင် ထိုကဗျာမှာ ကျဉ်းမြောင်းပြီး ပျင်းစရာကောင်းသည်ဟု ယူဆသည်။
ဟိုက္ကူကဗျာတစ်ပုဒ်သည် အရာဝထ္ထူ များနှင့်ခံစားချက်များကို အကျိုးရှိရှိ ထိထိရောက်ရောက်အသုံးချပြီး ကဗျာဆရာ၏ ရင်းတွင်းမှ ခံစားချက်ဖြင့် ဆက်စပ်ပေးမှသာ ဟိုက္ကူ ကဗျာတစ်ပုဒ်ဖြစ်လာနိုင်သည်ဟုလည်း ယူဆခဲ့သည်။ သူ၏ ဟိုက္ကူ ကဗျာသဘောတရားမှာမူ
၁။ သဘာဝတရားမှ ပုံကြမ်းဆွဲယူတတ်ခြင်း(Sketching from nature)
၂။ အာရုံနှစ်ခုကို ယှဉ်တွဲတတ်ခြင်း(Juxtaposition)
၃။ ယထာဘူတကျကျ ကိုယ်စားပြု ဖော်ပြတတ်ခြင်း (Objective repersentation)တို့ ပင် ဖြစ်ပါသည်။ကိုးကား
ဆရာထင်လင်း၏ ကမ္ဘာစာပေအညွှန်း
ဆရာရဲမြလွင်၏ ဟိုက္ကူ ကဗျာချစ်စရာApr19.2020
Minsetwai