အဲပစ်(Epic)
_________အဲပစ်အဖွဲ့မှာ ကဗျာလင်္ကာရှည်ကြီး (သို့) ရှည်လျားလှသော ဇာတ်ကြောင်းပြန်ကဗျာများကို ဆိုလိုခြင်း
ပင်ဖြစ်သည်။ ပညာရှင်များက ဂရိစာဆိုဟုမ္မားမှာ
အဲပစ်လင်္ကာများကို ရှေးဦးတီထွင်စပ်
ဆိုခဲ့သူဖြစ်ကြောင်း ဆိုကြသည်။ ရောမတွင်မူ ဗာဂျေး (Virgil)က BC70မှာ စတင်စပ်ဆိုခဲ့သည်။ အင်္ဂလိပ်တို့၏ ဘာသာစကားတွင်မူ အဲပစ်(Epic)
ဟူသော ဝေါဟာရမှာ လက်တင်ဘာသာစကား Epicusမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
ရောမတို့သည် ထိုအဲပစ်ကဗျာများကို စပ်ဆိုရာတွင်
ဂရိတို့ထံမှာ အတုခိုးတုပစပ်ဆိုခဲ့ကြခြင်း ဖြစ်သည်ဟု
ဆိုကြသည်။ အဲပစ်၏အဖွဲ့သည် အဓိကရပုဂ္ဂိုလ်၊
အာဇာနည် သူရဲကောင်း (သို့) အဓိက အကြောင်းအရာနှင့် အဖြစ်အပျက်များကို ဖွဲ့ဆိုသောအဖွဲ့ပင်
ဖြစ်သည်။ ထိုသိုဖွဲ့ဆိုရာတွင် အထင်ကရဒဏ္ဍာရီပုံစံများလည်း ပါဝင်သည်။ ဆိုရလျှင် အဲပစ်ကဗျာလင်္ကာအဖွဲ့သည် သမိုင်းဘက်ကို ပို၍အလေးပေးဖွဲ့ဆိုသော ကဗျာပုံစံတစ်မျိုးဟု ဆိုနိုင်ဖွယ်ရာရှိသည်။ ရေးသား
တီထွင်မူများ မပေါ်ပေါ်က်မီကမူ ကဗျာစာဆိုများသည် အဲပစ်ကို ချီးမွမ်းမြှောက်စားမူများအတွက် ရေးသားဖွဲ့ဆိုခဲ့ကြသည်။ ယင်းတို့က အဲပစ်များကို နရီသွားများ၊
မတြာအချိုးများကို စီမံ၍ ဆွဲဆောင်မူရှိအောင်
သီကုံးစပ်ဆိုခဲ့ကြသည်။ထိုအဲပစ်နှင့်ပုံစံဆင်တူသော ကဗျာအမျိုးအစား
နောက်တစ်ခုမှာ Epyllion ဖြစ်သည်။ ထိုကဗျာ အမျိုးအစားကမူ ရှည်လျားလှသော ဇာတ်ကြောင်း
များကို အတိုချုံ၍ စိတ်ကူးယဉ်ဆန်စွာ
ဒဏ္ဍာရီဆန်စွာဖြင့် ပြန်ပြောပြသော ကဗျာအမျိုးအစားတစ်ခုဖြစ်သည်။ ယင်းကို အဲပစ်အသေးစားဟု ခေါ်ဆိုနိုင်ပြီး ၁၉ရာစုတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြသည်။ ယင်းက အဓိကအားဖြင့် စာပေကျမ်းဂန်များကို အခြေခံ၍ ဖွဲ့ဆိုခြင်းဖြစ်သည်။Ref::
-မောင်မောင်အေး(စစ်ကိုင်း)၏ စာဆိုနှင့်စာဆိုစာ
- wikipidia
-------------------------------------------------