အနောက်တိုင်းမှ အမျိုးအစားခွဲခြားထားမူ
*****************************
အနောက်တိုင်းကဗျာလောက (အင်ဂလိုဆက်ဇုံ) တွင် ကဗျာအမျိုးအစားတို့မှာ အလွန် များပြားလှသည်ကို တွေ့ရသည်။ ကဗျာအမျိုးအစားများပြားသည့်အလျှောတ် စိတ်ဝင်စားစရာလည်းကောင်း၏။
အနောက်တိုင်း (အင်္ဂလိပ်+အမေရိကန်) ကဗျာများကို ပူလစ်ဇာဆုရဆရာမ (ကဗျာဝပ်ရှော့တွေသာလုပ်) မေရီအော့လစ်ဗာ(Mary Oliver) မှ အဓိကကျတဲ့ ကဗျာအမျိုးအစားများကို ဖော်ထုတ်ပြခဲ့သည်။ ယင်းတို့မှာ _
၁။ လစ်ရစ်(ခ)ကဗျာ (the Lyric Poem)
၂။ နာရေးတစ်(ဗ)ကဗျာ (the Narrative Poem)
၃။ ကဗျာရှည် (the Long Poem)
၎။ စကားပြေကဗျာ (the Prose Poem)တို့ပင်ဖြစ်သည်။၂၀၀၆ ခုနှစ်မှာ ပထမအကြိမ်ပုံနှိပ်ခဲ့တဲ့ ဆာရာသွန်း (Sara Thorne) ရဲ့  'Mastering Poetry' ထဲမှာတော့ ကဗျာအမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားပြခဲ့ပါတယ်။
၁။ ဆွန်းနက် ( Sonnet)
၂။တစ်ဆယ့်ကိုးကြောင်းဖွဲ့ကဗျာ ( Villanelle)
၃။ ဟိုက္ကူ (Haiku)
၎။ တမ်းချင်း ငိုချင်း(Elegy)
၅။ လစ်ရစ်(ခ)(Lyric)
၆။ တမ်းချင်း (Ode)
၇။ ကျေးလက်ဘဝအလှသရုပ်ဖော်ကဗျာ (Pastoral)
၈။ ဇာတ်ကြောင်းပြောကဗျာ (Narrative)ဟူ၍ ဖြစ်သည်။ရီးအာ့န်းဝစ်( လ)ယမ် (ဇ)(Rhian Williams) ရေးသော “Poetry Toolkit” (the essential guide to studying poetry) ရဲ့ ဒုတိယအကြိမ်တွင်မူ
၁။မော်ကွန်းကဗျာရှည် (Epic)
၂။ လစ်ရစ်(ခ)(Lyric)
၃။ ဘဲလက်(ဒ) (Ballad)
၎။ အချစ်ကဗျာ (Love Poetry) အမျိုးအစားများ
၅။တမ်းချင်း ငိုချင်း (Elegy)
၆။ ကျေးလက်ဘဝအလှသရုပ်ဖော်ကဗျာ (Pastoral)
၇။ ပေါ့ပါးကဗျာ (Light Verse) တို့ဖြစ်သည်ဟု ခွဲ ခြားတင်ပြခဲ့ပြီး နောက်မှ ပုံသဏ္ဍာန်ဆိုပြီး ထပ်ရေးခဲ့သည်။။ အမျိုးအစား (အထက်မှာဖော်ပြပြီး) ကို အခန်း (၁) မှာရေးကာ ပုံသဏ္ဍာန် (Form) ကိုတော့ အခန်း (၂) မှာရေးခဲ့သည်။ သူကပဲ ပုံသဏ္ဍာန်ကို လေးမျိုးထပ်ခွဲခဲ့၏။ ထိုပုံသဏ္ဍာန်လေးမျိုးမှာ _
အပြောင်းအလဲလုပ်နိုင်သော ကဗျာ (Variable Form)
*****************************************
ထို အပြောင်းအလဲလုပ်နိုင်သော ကဗျာတွင် ပါဝင်သော ကဗျာမျာမှာ _
၁။ တမ်းချင်း- Ode (တမ်းချင်း) ကို Pindaric ode နဲ့ Horation Ode ဆိုပြီး (၂) မျိုးထပ်ခဲ့၏။
၂။ အက်ပီဂရမ်(ဝါ)ဟာသကဗျာတို- Epigram
၃။ ဒီမမ် (ဝါ) တစ်ဦးတည်းဇာတ်ပြောကဗျာ- Dramatic Monologue
၎။ သင်္ချိုင်းစာကဗျာ- Epitaph
၅။ ပေးစာကဗျာ - Epistolary
၆။ တက်ကျမီတာငါးစုံပါကာရန်မဲ့ကဗျာ - Blank Verse တို့ပင်ဖြစ်သည်။
အပြောင်းအလဲမလုပ်နိုင်သော ကဗျာ (Fixed Form)
****************************************
အပြောင်းအလဲမလုပ်နိုင်သော ကဗျာများတွင် ပါဝင်သောကဗျာများကမူ
၁။ဆွန်းနက် (Sonnet) ယင်းတွင် (နိုင်ငံရေး (Political Sonnet) နဲ့ ဘာသာရေး (Religious Sonnet) ဟူ၍ ၂ မျိုးထပ်ခွဲခဲ့၏။)
၂။ ဟိုက္ကူ (Haiku)
၃။ ငါးကြောင်းဖွဲ့ဟာသကဗျာတို(Limerick)
၎။တစ်ဆယ့်ကိုးကြောင်းဖွဲ့ကဗျာ (Villanelle)
၅။ ပြင်သစ်ပုံစံချ ကဗျာများ (Fixed French Forms) တို့ပင်ဖြစ်သည်။ ယင်းတွင် ပြင်သစ်ပုံစံချ ကဗျာအမျိုးအစားထဲတွင်
၁။ထရီးအားလေး (Triolet)
၂။ရော့(န)ဒိုး(Rondeau)
၃။ဘဲ့လား( ဒ )(Ballade) နဲ့
၎။ဆက်(စ)ထီးနား (Sestina) တို့ပါဝင်လေသည်။
အမြင်ဖြင့်ခံစားလို့ရသော ကဗျာပုံသဏ္ဍာန်
(Visual Forms)
********************************
အမြင်ဖြင့်ခံစားလို့ရသော ကဗျာပုံသဏ္ဍာန် ထဲမှာတော့ အောက်ပါ ကဗျာတွေပါဝင်ပါတယ်။
၁။ကွန်ခရီး(ခ) (ဝါ) ပုံစံချရေးသားတဲ့ ကဗျာ (Concrete (or) Pattern Poems)
၂။အက်ခရော့စထစ်(ခ)(ဝါ)ထိပ်စီးတူ စာလုံးလေးတွေကို ပုံဖော်တဲ့ကဗျာ( Acrostic Poetry )
အရောအနှောကဗျာများ (Hybrid Forms)
************************************
အရောအနှော ကဗျာထဲမှာတော့
၁။ ကဗျာနဲ့ပြဇာတ်အရော (Verse Drama)
၂။ကဗျာနဲ့ဝတ္ထုအရော (Verse Novel)
၃။ရိုးရာ နဲ့ဆန်းသစ် အရော (အမေရိကန်ဟိုက်ဘရဒ်အသစ်)
ထိုနေရာတွင် ဆရာဇော်ဇော်အောင်က ကဗျာမှာ ထပ်မံဖြည့်စွတ် ပြထားသည်မှာ
၎။ လစ်ရစ်( ခ )နဲ့ ဘာသာစကားကဗျာ (Lyric+ Language)
၅။ ပုံစံမဲ့ပုံစံ (Formless Form)တို့ပင် ဖြစ်သည်။
ထိုအပြင် ဆရာဇော်ဇော်အောင်က အမေရိကန်ကဗျာအကယ်ဒမီဆိုဒ်မှ ကဗျာများကို ထပ်၍ လေ့လာဖော်ထုတ်ခဲ့ရာ အောက်ပိုင်းအတိုင်း တွေ့မြင်ရပြန်ပါသည်။
၁။ ဘလူး(ဇ)ကဗျာ (Blues Poems)
၂။ ဆန်တိုကဗျာ (Cento Poem)
၃။ ကောက်ရ/အမြင်သစ်ကဗျာ (Found Poem)
၎။ ကျပန်းစာသားကဗျာ (Chance Operation)
၅။ သရများကို တစ်လုံးချင်းတည်ရေးသော ယူနီဗော်ကယ်လစ်(စ်)ကဗျာ
၆။ မင်နီမယ်(လ)အနည်းဆုံးစကားလုံးကဗျာ (Fine and Dust)
၇။ ဘာသာစကားဗဟိုပြုကဗျာ (Language Poetry)
၈။ ဝန်ခံဖွင့်ဟကဗျာ (Confessional Poetry)
၉။ ကွန်ဆက်(ပ)ချူရယ်ကဗျာ (Conceptual Poetry) ၁၀။ သြဂဲနစ်ကဗျာ (Organic Poem)
၁၁။ ဟစ်(ပ)ဟော့(ပ)ကဗျာ (Hip-hop Poetry)
၁၂။ မီတာဖစ်ဆစ်ကယ်(လ)ကဗျာ ( Metaphysical Poetry )
၁၃။ ရိုမန်းတစ်ကဗျာ (Romantic Poetry
၁၄။ ဒီကေးဒန့်ခေတ်ကဗျာ (၁၉ ရာစု အော်စကားဝိုင်းဒ် မှနန်းဒူး)
၁၅။ ပီအာ(ရ)ပီအုပ်စုကဗျာ(ဝိတိုရိယခေတ် ရက်ရှစကင် မှ ရိုဆက်တီ)
၁၆။ ဒီကောလာ့ဂ်ျအမျိုးအစားကဗျာ
(သူတပါးစာသားအား မှင်ဖြင့်ဖျက်ထုတ်)
၁၇။ ဟိုက်ပါတက်(စ)၊ အယ်နီမေးရှင်း (ဒစ်ဂျစ်တယ်ကဗျာ)
၁၈။ အပေါင်းခုနစ်လုံးမြောက်နာမ်(N+7) အစားထိုးကဗျာ
၁၉။ တြိဂံစနိုးဘော(လ)(ဝါ)နှင်းဘောလုံးကဗျာ ( Snow Ball Poetry) (လေးထောင့်ပုံ square off အတိပုံသဏ္ဍာန် ကဗျာများ)
၂၀။ စကားပြောကဗျာ (Talk Poem)
၂၁။ ဖလာ့(ဖ)ကဗျာ (Flarf Poetry)
၂၂။ နှစ်ဘက်လှကဗျာ (Cleave Poetry)
၂၃။ ပါဖေါမန့်(စ)ကဗျာ (Performance Poetry)
၂၄။ 3x3x3 (သုံးလုံးတစ်ကြောင်း၊ သုံးကြောင်းတစ်ပုဒ်၊ သုံးပုဒ်တစ်ပုဒ်) ကဗျာ
၂၅။ လော့ဂါအီးဒစ်(ခ)(ဝါ) မီတာမမှန် စကားပြေဆန်ကဗျာ( Logaoedic Poem)
၂၆။ ဂျပန်တန်ခကဗျာ (Tanka Poetry)
၂၇။ မလေးရှားပွန်တွန်းကဗျာ (the Pantoum)
၂၈။ ဘရာဇီးကွန်ခရီး(ခ)ကဗျာ (Brazilian Concrete Poetry)
၂၉။ ပါဖောမန့်စ် တင်ဆက်ရွတ်ဆိုကဗျာ များပင်ဖြစ်သည်။မှတ်ချက်။ ။ဆရာဇော်ဇော်အောင်၏ ခရမ်းပြာနှင့် ဆက်စပ်အခင်းအကျင်းများအား ပြန်လည်ကူးယူဖော်ပြသည်။