~ အနာဂါတ်ကို ဘယ်သူ့မှ ကြိုတင် မမှန်းဆနိုင်ဘူး ~
Produce 101 season 2 မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ခြင်းသည် ကျွန်တော့် ဘဝအတွက် အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့လေသည် ။ အဆင့် ၂၂ အထိသာ မျှော်လင့်ခဲ့သော ကျွန်တော့်အတွက် နောက်ဆုံးတွင် အဆင့် ၁ ကို ရရှိနိုင်ခဲ့ခြင်းမှာ ပြန်တွေးတိုင်း အခုအချိန်ထိ အိပ်မက်တစ်ခုပမာလိုပင် ဖြစ်သည် ။ Wanna One ဆိုသည့် အဖွဲ့ဝင် ၁၁ ယောက်ရှိသည့် အဖွဲ့တွင် ကျွန်တော်သည် center of group အဖြစ် debut ခွင့်ရခဲ့သည် ။ ပြီးတော့ ကျွန်တော်တို့၏ debut song သည် ထင်မှတ်မထားအောင် အောင်မြင်မှုရရှိခဲ့သည် ။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က MMO Entertrainment ၏ အသက်ငယ်ဆုံး သင်တန်းသားအဖြစ်သာ ရှိနေသူ ကျွန်တော်သည် အခုတော့ တောင်ကိုရီးယာနိုင်ငံ၏ ကြယ်ပွင့်သစ်ဖြစ်လာခဲ့လေသည် ။ အောင်မြင်မှုနှင့်အတူ အလုပ်အချိန်ဇယားတွေ ပြည့်နှက်များပြားကာ ပင်ပန်းနေသည့် ကြားကပင် ကျွန်တော်သည် ကျွန်တော့်ကို အားပေးသည့် ပရိတ်သတ်များအတွက် အရိုးသားဆုံး အစွမ်းကုန်ကြိုးစားနေဆဲပင် ဖြစ်သည် ။ Kang Daniel ဆိုသည့် ဘူဆန်သား ကျွန်တော့်အား ပရိတ်သတ်အားပေးရကျိုးနပ်အောင် ကျွန်တော် ကြိုးစားနေဆဲပင် ဖြစ်သည် ။ ထို့ကြောင့် ၂၀၁၇ ခုနှစ်သည် ကျွန်တော့်အတွက် ပျော်ရွှင်မှုတွေကို ယူဆောင်သည့် နှစ်ဖြစ်လိမ့်မည် ။ ဒါပေမယ့် ၂၀၁၈ ခုနှစ်သည် ကျွန်တော့်အတွက်တော့ နာကျင်မှုတွေကို ယူဆောင်လာသည့် နှစ်ဟု ကျွန်တော် သတ်မှတ်ချင်သည် ။
၂၀၁၈ ခုနစ် ဒီဇင်ဘာလတွင် ကျွန်တော်နှင့် သူ .... ခွဲခွာဖို့ ဖြစ်လာခဲ့သည် .... ။************************************************
လွန်ခဲ့သော နှစ်နှစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာပင် ကျွန်တော်နှင့် သူ Produce 101 season 2 အစီအစဉ်တွင် စတင်တွေ့ဆုံခဲ့ကြသည် ။ ကျွန်တော်တို့ MMO Entertrainment မှ သင်တန်းသားတစ်သိုက် အဆင့် ၁ ထိုင်ခုံနေရာတွင် ရီမော ပြောဆိုနေသည့် အချိန်ကတည်းကပင် အဆင့် ၂ ထိုင်ခုံတွင် ထိုင်နေသည့် သူ့ကို ကျွန်တော့် သတိထားမိခဲ့သည် ။ ယောကျာင်္းပီသသည့် မျက်ဝန်းတစ်စုံနှင့် နှုတ်ခမ်းပါးပါးလေးက သူ့မျက်နာသေးသေးလေးမှာ အချိုးကျကျ ရှိပြီး ခပ်ရို့ရို့လေးထိုင်နေသည့် သူ့ပုံစံကြားမှာပင် သူ့ရဲ့ ထင်ရှားပြတ်သားသည့် မေးရိုးကျကျလေးနှင့် ညာဖက်ပါးပြင်ပေါ်က တြိဂံပုံစံ မှဲ့နက်လေး သုံးလုံးက သူ့အား idol တစ်ယောက်ဆိုသည့် ပုံရိပ်ထက် ခမ်းနားမှုတွေ အနည်းငယ် လွှမ်းခြုံနေသည် ။ ဆူညံနေသည့် ကျွန်တော်တို့ အုပ်စုရှိရာ မျက်နာတစ်ချက်လှည့်ကာ မကြည့်သော သူ့ကို ကျွန်တော် အနည်းငယ်ကြီးကျယ်လွန်းသူဟု မှတ်ချက်ပြုခဲ့သည် ။ ဒါပေမယ့် သင်တန်းသားတိုင်း ကြောက်လန့်ကြသည့် ဒိုင်တွေ ရှေ့မှာ ယုံကြည်မှုရှိရှိ ဖျော်ဖြေသွားသော သူ့ပုံစံနှင့် သူ့ရဲ့ ပညာရှင်ကျကျ popin အက ကြောင့် ကျွန်တော် အသံထွက် ချီးကျူးမိလိုက်ပြီး Jisung hyun တို့၏ အားကျနေသည့် စကားသံကြားမှာ ကျွန်တော်ကတော့ သူ့အား မျက်တောင်မခတ် ငေးကြည့်နေမိခဲ့သည် ။ သူသည် Ong SeongWu ဆိုသည့် ထူးခြားသည့်နာမည်နှင့် စမတ်ကျကျ ဖျော်ဖြေမှုနှင့်ပင် A အဆင့်ကို ရရှိခဲ့ရာ အစီအစဉ်အစမှာပင် အဆင့်၁၀ အတွင်း ဝင်ခဲ့သူပင်ဖြစ်သည် ။ ကျွန်တော် B အဆင့်မှ A အဆင့်သို့ ရောက်ရှိချိန် ပျော်ရွှင်နေသည့် စိတ်က သူ့ရဲ့ စိုးရိမ်ပြီး ပူပန်ကာ အင်အားမဲ့နေသော ပုံစံကို မြင်တော့ ကျွန်တော့်ရဲ့ ထိုပျော်ရွှင်ခြင်းတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ခဲ့ရသည် ။ အဆင့်သတ်မှတ်ချက် ကဒ်ပြားလေးကို ဖွင့်ကြည့်နေသည့် သူ့နှင့်အတူ ကျွန်တော်ပါ အလိုလို ရင်ထိတ်နေခဲ့သည် ။ A အဆင့်ကို ပြန်ရမှ ကလေးတစ်ယောက်လို ပြုံးလိုက်သည့် သူ့အပြုံးကို မြင်မှ ကျွန်တော်ပါ သက်ပြင်းချနိုင်ခဲ့သည် ။ သူသည် ကျွန်တော်ထင်ထားခဲ့သလို အရာရာ ပြည့်စုံနေသော လူမျိုးမဟုတ်ဘူးဆိုသည့် အတွေးကို ထိုအချိန်က ပထမဆုံး ကျွန်တော် တွေးလိုက်မိသည် ။
ကျွန်တော် သိမြင်လာခဲ့သော Ong SeongWu သည် သာမန်လူသားတစ်ဦးသာ ဖြစ်လေသည် ။
ŞİMDİ OKUDUĞUN
LIE
Romantizm& လိမ်ညာမှုတွေထဲမှာ ကိုယ့်ကိုယ်ကို လိမ်ညာတာဟာ အဆိုးဝါးဆုံးပဲ & Ong SeongWu Kang Daniel Two short fic ( ongniel moment အချို့ကို ကိုးကား၍ ရေးသားသည့် စာရေးသူ၏ ခံစားချက်သပ်သပ်မျှသာ ဖြစ်ပါသည် )