Zawgyi
ဒီလိုနဲ့ပဲ ChanYeol နဲ့ Kyungsoo တို့နှစ်ယောက် စာအတူလုပ်လာကြတာ စာမေးပွဲ ပြီးတဲ့အထိပါပဲ အခုထိလည်း KyungSooတို့အိမ်မှာ စာလုပ်နေတုန်းပါChanYeolက Basketball trainingတွေလည်းရှိတော့ အတန်းကပျက်ရတယ်လေ
အတန်းချိန်အတွက် attendent ရပေမယ့် စာတွေကတော့ပျက်တယ်လေအဲ့အကြောင်းပြချက်နဲ့ပဲ ChanYeolတစ်ယောက် Do Kyungsoo နားကပ်ရတယ်လေ အဟစ်အဟစ်
ဘာလို့လဲတော့ စိတ်ထဲသေချာမသိသေးပေမယ့်ChanYeol သူ့နားကပ်နေရတာသဘောကျပါသည် သူ့နားနေရရင်ပျော်တယ်
သူကဘယ်လောက်စကားနည်းပြီး အေးစက်နေပါစေ ChanYeolအတွက်သူက စိတ်ဝင်စားစရာအရမ်းကောင်းသည်သူပြုံးလိုက်ရင် Eye smileလေးတွေ မို့တက်လာတဲ့ပါးလေးတွေ အထူးသဖြင့် သူ့နှုတ်ခမ်းလေးပေါ့ အဲ့တာလေးတွေကြွေနေရတာပါ KyungSooရေ
အဲ့အပြုံးလေးတွေမြင်ရဖို့အတွက် ကျွန်တော်ငပေါကြီးဖြစ်လည်း မရှက်ပါဘူး ထိုက်တန်တယ်လို့ ကျွန်တော်ထင်တယ်လေ
ကဲတွေးနေရင်းက သတိရလာပြန်ပီ ဘာလို့သတိရလဲမမေးနဲ့ မသိဘူး........
*****************
ဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ ChanYeol ဆိုတဲ့ ကျွန်တော်က Kyungooရဲ့အခန်းထဲ
မှာ နှပ်နေတာနှပ်နေတယ်ဆိုတာကဂိမ်းဆော့နေတာပါ
Kyung Sooကတော့ အောက်ဆင်းသွားတာ
အဆာပြေမုန်စားဖို့ သွားလုပ်တာတဲ့လေKyungSooနဲ့အနီးကပ်နေတာကြာလာမှ သိလာတဲ့ factတစ်ခုက KyungSooက ထမင်းဟင်းချက်တာဝါသနာ ပါတယ်လေ
လက်ရာလည်းတော်တော်ကောင်းပါတယ် ChanYeolတို့စားရချည့်သေးရဲ့ ဟက်ဟက်
အင်း...KyungSoo ဆင်းသွားတာကြာပီ ဘာလို့တက်မလာသေးပါလိမ့် ဆင်းကြည့်ရမယ်
(အော် သူ့မိန်းမ မျက်စိရှေ့ကအပျောက်မခံနိုင်😝)အောက်ဆင်းလာတော့
ဟောတွေ့ပါပြီ ကျွန်တော်တို့အရွယ်လူငယ်တစ်ယောက်နဲ့ စကားလက်ဆုံကျနေတာ
ဘယ်သူပါလိမ့်

VOCÊ ESTÁ LENDO
Infinity[Completed](Z+U)
FanficChansoo. Ficလေးပါ Rommanceလေးပေါ့???? Edit ver: ChanDiဆိုလို့ :3