Zawgyi
V day for Chansoo💙💙ဒီနေ့V dayနေ့ဖြစ်သည် တိုက်ဆိုင်ချင်တော့
စနေနေ့လေ ကျောင်းကလည်းပိတ်တယ်
ဒါလည်းကောင်းပါတယ် မဟုတ်ရင် ကျောင်းကအတွဲတွေမျက်စိနောက်စရာ.........
ဒါပေမယ့် Do Kyung Sooဆိုတဲ့ ကျွန်တော်က
အားကျမယ်ထင်နေလား? လုံးဝဘဲနော်ဒါပေမယ့် အိမ်ထဲမှာဘဲနေရမှာချည်းက ပျင်း စရာ ဟူးးး
ပြောရမယ်ဆို ကျွန်တော်က အပေါင်းအသင်း သိပ်မရှိဘူးရယ်
ဒါပေမယ့် တစ်ယောက်တော့ရှိတယ် Chan Yeol.......
သူ့ကိုတောင် ကျွန်ကစခင်တာမဟုတ်ဘူးနော်
သူကအတင်းလာခင်ချင်နေလို့..အားနာလို့
ဟင်းဟင်းပြောရမယ်ဆို Park Chan Yeolက အရမ်းခင်ဖို့်ကောင်းတယ် သူ့ကိုစတွေ့ထဲက စိတ်ထဲကခင်နေမိတာ စစသူကျောင်းပြောင်းလာတုန်းက သူ့
အကြောင်းစကြားတုန်းက မမြင်ခင်ကဆို မာနကြီးကြီးနဲ့ ဘ၀င်လေဟပ်နေမယ် ထင်ခဲ့မိတာရယ်
ဒါပေမယ့်လည်းမဟုတ်ကြောင်းအခုသိရပါပြီလေ ကျွန်တော့်အပေါ်ဆိုအရမ်းကောင်း
အရမ်းနားလည်ပေးလွန်ပါသည် အနွံတာလည်း ခံနိုင်လွန်းသည်
အဲ့လိုလူအပေါ်ကိုမှ ကျွန်တော်က ဆိုးချင်တာရယ်...သူဒီနေ့ဘာအစီစဉ်တွေရှိလည်းမသိပါဘူးလေ
သူ့မှာလည်းရည်းစား.....အင်းရည်းစားရှိရင်ရှိမှာပေါ့ လေ
နေပါဦးငါဘာလို့အဲ့အကြောင်းစဉ်းစားမိတာနဲ့ ရင်ထဲ ဟာတာတာဖြစ်သွားရတာလဲ
ဟာမသိဘူးကွာ စိတ်ရှုပ်တယ် ဘာမှမတွေးတော့ဘူးအောက်ခနဆင်းပြီး Ommaတို့နဲ့ သွားပြီး ချွဲဦးမယ်
***********************
အော....အောက်ဆင်းကာမှ ငါးပါးမှောက်ရော
ဘာဖြစ်တယ်ထင်လဲ အဖေနဲ့ အမေပေါ့
V DAYမို့ နှစ်ယောက်သား ပျော်ပွဲစားအနေနဲ့
အခြား အဖေ့မိတ်ဆွေစုံတွဲတချို့နဲ့ နေ့ချင်းပြန်ခရီးသွားမယ်ဆိုပဲ
သူတို့လူကြီးတွေ ကြားမှာ သားလေးပျင်းနေမှာစိုးလို့ မလိုက်နဲ့တော့တဲ့ တကယ်တော့
ကျွန်တော်ရှေ့roရမှာရှက်နေကြတာပါဗျာ
အဲ့တော့အလိုက်တသိပဲ နေခဲ့ရသည်ပေါ့
ESTÁS LEYENDO
Infinity[Completed](Z+U)
FanficChansoo. Ficလေးပါ Rommanceလေးပေါ့???? Edit ver: ChanDiဆိုလို့ :3