ချစ်ခြင်းရဲ့ ဒုတိယညီတော်
...............................အပိုင်း ( ၂၅ )"ဟင်...ကိုလေး..."
ညီမင်းမျက်လုံးလေးဖွင့်လိုက်တာနှင့် သူ့ရဲ့ဘေးမှာ
စီးကရက်လက်ကြားညှပ်လျှက် ထိုင်ကြည့်နေသော အောင့်ကိုမြင်
လိုက်ရ၏။"ကိုလေး..."
"နေပါ...ကိုယ်ခုပဲရောက်တာ..."ညီမင်းက လှဲနေရာမှကမန်းကတန်းလက်ထောက်
ထိုင်လိုက်သည်။ပြီးတော့မှ လက်နာသွားပြီးညွှတ်ခနဲဖြစ်၏။ခေါင်း
အုံးပေါ်မှာပေတင်းနေဆဲ မျက်ရည်စက်တို့ကို လက်လေးနှင့် အ
သာအယာ ပွတ်သုတ်လိုက်ပြီး သူ့ရဲ့မျက်နှာ နုနုလေးကသနားစ
ဖွယ်ဖြစ်နေခဲ့သည်။အောင်က သူ့ရဲ့စီးကရက်ခိုးတို့ တိုးဝေ့နေဆဲနှုတ်ခမ်း
ဖျားတို့ကိုဖိပိတ်ပစ်လိုက်ပြီး စီးကရက်ကို ဘေးကစားပွဲခြေထောက်
မှာဖိကပ်ချေပစ်လိုက်သည်။ပြီးမှစားပွဲပေါ်က ခွက်ထဲကိုပစ်ထည့်လိုက်ရင်း...
"မင်းသက်သာရင် ခြံထဲမှာလမ်းဆင်းလျှောက်မလား..."
"ဟုတ်...အဲ ရပါတယ်...မလျှောက်ချင်ဘူး..."
"ဘာဖြစ်လို့လဲ...ခြေထောက်တွေမှာတော့ ဘာမှုထိခိုက်မှုမရှိခဲ့ဘူး
မို့လား..."
"မထိ...အဲ ဟို နည်းနည်းနာနေသေးလို့..."အောင် က သူ့ကိုစိုက်ကြည့်ကာ...
"ဆေးရုံပေါ်က ဆင်းပြေးလိုက်ရလို့ဖြစ်မယ်..."
ဟင်...၊
ညီမင်း မျက်နှာလေးက အပြစ်ကျူးလွန်ထားသည့်
ကျောင်းသားတစ်ယောက်က ဆရာမ ကြိမ်လုံးဆွဲထုတ်လာတာကို
မျက်လုံးအကြောင်သား ငေးကြည့်နေသည့်နှယ်...။ပြီးတော့ တစ်ခုခုဖြေရှင်းဖို့ ကြိုးစားနေသည့်နှုတ်ခမ်း
သားလေးတွေက တစ်လှုပ်လှုပ်တုန်ယင်နေခဲ့လျှက်၊ ရင်ခုန်နှုန်း
ကြောင့်လှိုင်းထန်ဖွယ်ရှိနေသော ရင်ဘတ်လေးက သူဘယ်
လောက်ထိကြောက်ရွံ့နေသည်ကို ဖော်ပြနေသည့်နှယ်...၊"မင်းကိုစိတ်ဆိုးလို့ပြောတာမဟုတ်ဘူး ညီမင်း...ဘာဖြစ်လို့ဒီ
လောက်ကြောက်နေရတာလဲ..."
"ညီ...ညီ့မှာတကယ်အပြစ်ရှိပါတယ်..."
"ဘာကို အပြစ်လဲ...မင်းကိုပြန်ရလာကာမှ ကိုယ်မင်းကိုအပြစ်တင်
စကားပြောခဲ့တာ ရှိသလား..."
ŞİMDİ OKUDUĞUN
ချစ်ခြင်းရဲ့ ဒုတိယ ညီတော်
Kurgu Olmayanဘဝဆိုတာ ပြည့်စုံသည် ဆိုတာ မရှိပေမယ့် ခါးသီး လွန်းဖန် များလာလေလေ လောကရဲ့ အပြစ်ကို ပိုခံရလေလေ တစ်ခါတလေ ရှုံးနိမ့်ခြင်းနဲ့ ကြုံတွေ့ရတိုင်း လောကကြီးကို မျက်ကွယ် ပြုချင်မိတယ်