ComeBack !!!!!

3.5K 229 17
                                    

" အဆို​တော်​ သရုပ်​​ဆောင်​ Kim Kai
သည်​ လက်​တစ်​​လော ထွက်​ရှိ​နေ​သော
Dating rumor များအား အတည်​ပြု
ပြောကြား ... "

ခပ်​ယဲ့ယဲ ဆိုဖာ​ပေါ် တင်​ထား​သော ကိုယ်​ဟန်
သည်​ ထိုအနုပညာသတင်းအဆုံး၌
ခွေယိုင်​ကျလာခြင်းဖြင့်​ အကြင်​သူ၏ 
အောင်​ပွဲအား အသာတကြည်
အညံ့ခံရ​လေသည်

" ဟက်​ ~~ Jongin ရယ်
မင်းတကယ်​ လုပ်​ရက်​တယ်​ "

အလဲအလဲအပြိုပြို ​ခြောက်​ခြားမှု​ပေါင်းစုံဖြင့်
သူ့အား လက်​မလွှတ်​နိုင်​​ရေး အ​လောတကြီး
နည်းလမ်းထုတ်​ပါ​သော်​လည်း TV ဖန်​သား
ပြင်​​ပေါ်က ပုံရိပ်​ထင်​လာ​သော
သူချစ်​မြတ်​နိုးသည်​ဟု အတည်​ပြု​ပြောကြား
ထား​သော သူမအား အနူးညံ့ဆုံး ​ဖေးမမှုဖြင့်
ကင်​မရာအလယ်​သို့ ဝင့်​ချီစွာ ​​နေရာယူမှုသည်
ရှိသမျှ ဂ​ယောက်​ဂယက်​အ​တွေးများအား
အပီအပြင်​ရိုက်​ချိုး​လေသည်

ငို​ကျွေးလို​သော်​လည်း မျက်​ရည်​မကျနိုင်

ပေါက်​ကွဲလို​သော်​လည်း ဖွင့်​ထုတ်​မရနိုင်

ကိုယ်​တိုင်​ကကို ​လွန်​ခဲ့​သော ​လေးနှစ်​ခန့်​က
သူ​ပြောခဲ့သလိုပင်​ ​မေတ္တာတရားကြီးမားစွာ
လက်​လွှတ်​​ပေးခဲ့သည်​ကိုး

" မုန်းတယ်​ " ဟု​နောက်​ဆုံး ဆိုခဲ့​သော
မုသား ( ကျ​တော့်​ စိတ်​ထင်​ ) သည်
အမှန်​တကယ်​ပင်​ လိမ်​ညာမှုမဲ့ခဲ့မှန်း
နာကျင်​စွာ နားလည်​ရ​လေသည်

" ကျ​တော်​နဲ့ Nayong Noona နဲ့က
လွန်​ခဲ့တဲ့​လေးနှစ်​​ကျော်​​လောက်​ထဲက
စေ့စပ်​ထားသူ​တွေပါ "

အနက်​​ရောင်​ဆံသားအချို့ကို လှန်​တင်​ကာ
အလွန်​အမင်း ​ယောကျာ်းပီသ ​ချော​မော​နေ
ပါ​သော အကြင်​သူသည်​ ​ဘေးနားရှိ
မိန်းမလှ​လေးအား အချိုသာဆုံး
အပြုံးများဖြင့်​ ချစ်​ရည်​လဲ့စွာ ကြည့်​ရင်း
မေးခွန်း​ပေါင်း​မြောက်​မြားစွာကို
မ​မောမပန်း​ဖြေကြား​​နေ၏

မ​နေ့က တရုတ်​မှ ပြန်​​ရောက်​​ရောက်​ချင်း
ကျ​တော့်​အား ​​သူ့တိုက်​ခန်းအသစ်​သို့
ခေါ်ယူကာ အသိ​ပေးခဲ့​သော
စကားတစ်​ရပ်​သည်​ လက်​​တွေ့ဖြစ်​လာမယ်​မှန်း
မထင်​ရက်​ခဲ့

လုပ်​ရက်​တယ်​ ရက်​စက်​တယ်​ ဆိုပြီး
တိုင်​တည်​ ငို​ကျွေးရ​အောင်​လည်း
ကိုယ်​က အရင်​ နာကျင်​မှု​တွေ
ပေးခဲ့သည်​ကိုး

အတ္တကြီးသည်​ဟုဘဲဆိုဆို
အရှက်​မဲ့သည်​ဟုဘဲဆိုဆို

ကျ​တော်​သည်​ ပုထုစဉ်​ပီသစွာ အကြင်​သူအား
ပိုင်​ဆိုင်​ခွင့်​ ပြန်​လိုချင်​မိသည်

" ဟား ~~ Jongin
မင်း​ကြောင့်​ ငါရူး​တော့မယ်​ထင်​တယ်​ "

နင့်​နင့်​သီးသီး တစ်​ဆို့လာ​သော ဝမ်းနည်းမှုများ
ကြားတွင်​ အချို့အချို့သည်
လွမ်းဆွတ်​မှုများ ဖြစ်​လင့်​ကစား
အများစုက​တော့ ချစ်​ခြင်းနှင့်​ မြတ်​နိုးခြင်း
ယိုဖိတ်​လျက်​ရှိ​သော သနားစရာ
ကြေကွဲဖွယ်​ နှလုံးသား ကွဲအပ်​မှု
ဖြစ်​​ပေါ်​လေသည်

ချစ်​ခွင့်​ရှိပါ​စေဟု ဆု​တောင်းမည်

ပိုင်​ဆိုင်​ရပါ​စေဟု ဆု​တောင်းမည်

တကယ့်​တကယ့်​တမ်းတွင်​ ဖမ်းဆုပ်​မရ
တော့​သော ​မဖြစ်​နိုင်​မှုကြီးမှန်း
ခြောက်​ခြားဖွယ်​ ထိပ်​လန့်​​စေသည်

ကျ​တော်​သည်​ သူနှင့်​သူမကြားတွင်
ဗီလိန်​ဖြစ်​​တော့မည်​ထင်​၏

~~~~~~~~~~~~~~

S 2 မှာ အနည်းငယ်​​သော ခါးသက်​မှုနှင့်
နာကျင်​မှုများ ပါဝင်​မည်​ဖြစ်​သဖြင့်
ချောင်းရိုက်​ခြင်းသည်းခံကြကုန်

ဟီး 😁😁

ကတိတည်​ပါတယ်​​နော်

ချစ်​ယူ အသည်းတုံးတို့ 😍😘❤

|| The Second Pain Of Sweet Lies ||Where stories live. Discover now