I Need You

1.1K 127 2
                                    

တစ်​တူတူနှင့်​ လိုင်းကျသွားသည့်​တိုင်​ ~~
နားနှင့်​မခွာနိုင်​ဖြစ်​​နေ​သော ~~ ဖုန်းကို
ငူငူကြီးကိုင်​ကာ ​လော​လောလတ်​လတ်
ကြားခဲ့ရ​သော ချစ်​ရသူ၏ဝန်​ခံချက်
များအား ဘယ်​လိုမှမယုံနိုင်​ ~~

ဝဲဘက်​ရင်​အုံက မဟားတရား ကဆုန်​​ပေါက်
နေသည့်အပြင်​ ~~ ရှိရှိသမျှ ​​အာရုံ​ကြော
များတွင်​ ​သွေးတိုး​နေသလို တစ်​ဒိတ်​ဒိတ်
ခုန်​နှုန်းများက မ​​မောပန်းသလို ~~

" ငါရူး​တော့မယ်​ထင်​တယ်
Jongdae ရယ်​ ~~ "

မျက်​ဝန်း​ထောင့်​မှ စီးကျလာ​သော
မျက်​ရည်​များအား ~~ မသုတ်​နိုင်​ဘဲ
အကြင်​သူအား ချစ်​သည်​ထက်​ ပိုချစ်
လာ​သော ~~ အတ္တများဖြင့်​ ~~
ပိုလို့ပင်​ ​လောဘတက်​လာ​လေသည်

" Kai ပြသာနာတက်​ပြီ ~~ "

အ​လောတကြီး ဝုန်းဒိုင်းကြဲကာ
အခန်းထဲ အ​မောတ​​ကော ဝင်​လာ
သော Manager Hyung ကို
ကြည့်​လိုက်​ရုံဖြင့်​ ~~ ကျ​တော်
စိတ်​ထဲ ~~ တင်းကျပ်​သွားသည်

ငါရင်​ဆိုင်​နိုင်​ပါ့မလား

ဟင်​အင်း

ငါရင်​ဆိုင်​နိုင်​တယ်

သို့​သော်

ကျ​တော်​ ဤပြသာနာအား
ရင်​ဆိုင်​နိုင်​ရန်​ ~~
Kim Jongdae ဟူ​သော
လူသားအား ပိုလိုအပ်​​သည်

" ကြားလား ~~ Hyung ​ပြော​နေတာ "

" ကျ​တော်​သိတယ်​ Hyung ~~
ဘာဖြစ်​​နေလဲ ~~ "

" သိရဲ့သားနဲ့ ~~ ကြိုမတားဘူးလား
အခု​တော့ ~~ နာမည်​တက်​ကာစမှာကွာ
အမည်းစက်ကြီးဖြစ်​သွားပြီ ~~
အကယ်​၍ Erigom ​တွေသာ ~~
မင်းကိုမုန်းသွားရင်​ ~~ ဘယ်​လိုလုပ်​မလဲ "

တောက်တ​​စ်​​ခေါက်​​ခေါက်​နှင့်
ဒေါသထွက်​​နေသည့်​ကြားက
စိတ်​ပူ​ပေး​နေ​သော ~~ Hyung အား
အမှန်​တကယ်​ပင်​ ​ကျေးဇူးတင်​မိသည်

" ကျ​တော်​သူ့ကို အရမ်းချစ်​တယ်​ Hyung
အသက်​ရှင်​​နေတဲ့အချိန်​​ရော ~~ အသိမဲ့​နေ
တဲ့အချိန်​မှာပါ ~~ သူတစ်​​ယောက်​ကိုဘဲ ~~
တမ်းတပြီး ဘဝဆက်​ခဲ့ရတာ ~~
Hyung သိလား ~~ သူမရှိရင်
ကျ​တော်​ ​သေသွား​လောက်​တယ်​ဆိုတာ ~~ "

|| The Second Pain Of Sweet Lies ||Donde viven las historias. Descúbrelo ahora