Are We End ??

1.1K 142 12
                                    

" ဘယ်​လိုလုပ်​ ​ရောက်​​နေတာလဲ Noona "

" ​နေ့လည်​ကတည်းက ~~ "

သာမာန်​နှင့်​မတူစွာ အနည်းငယ်​မာန်​တင်း
နေ​သော မျက်​နှာနုနုနှင့်​ ပန်း​သွေးခြယ်
နှုတ်​ခမ်းလွှာက ​စေ့ပိတ်​လို့ ~~

" မင်းတို့ နှစ်​​ယောက်​ ပြန်​တွဲ​နေကြတာလား "

" ​ဗျာ ~~ မဟုတ်​ပါရပါဘူး ~~
Noona အထင်​မှား​နေတာထင်​တယ်​ "

" Kim Jongin မင်း​ပြော ~~
Jongdae နဲ့ပတ်​သတ်​ပြီး ဘာစိတ်​မှ
မရှိဘူးဆိုတာ ​ဒီ​နေရာမှာ အတိအကျ​ပြော "

ကြောက်​ရွံ့သည်​ထက်​ ကျ​တော့်​​ကြောင့်
သူနှင့်​ သူမတို့ ဆက်​ဆံ​ရေး တစ်​ခုခုဖြစ်
သွားမည်​ကို စိုးရိမ်​မိသည်​က ပိုသာ​နေသည်

" Jongdae အ​ပေါ်ထားတဲ့ ကျ​တော့်
စိတ်​က ဘယ်​​တော့မှ ​ပြောင်းလဲမှာ မဟုတ်​ဘူး "

" Kim Jongin !!!! ~~ မင်း​အခု
ချက်​ချင်းရပ်​စမ်း ~~ Noona ကို
တောင်းပန်​ပြီး ​အဲ့စကားကိုလာ​ဖြေရှင်း "

မျက်​ရည်​ကြည်​များ ဝဲတက်​လာ​သော
Noona မျက်​ဝန်းက နာကျင်​မှုများအား
မြင်​​နေလိုက်​ရ​သော​ကြောင့်​ ယတိပြတ်
ငြင်းမည်​မစဉ်းစားဘဲ ဟိုမ​ရောက်​ဒီမ​ရောက်
စကားအချို့ကိုသာ ​ကောက်​​ဖြေပြီး
အိမ်​​ပေါ်တက်​သွား​သော Jongin
အား လှမ်း​အော်​ပြီး တားလိုက်​​သော်​လည်း
နည်းနည်း​လေး​တောင်​ ဂရုစိုက်​ခြင်းမရှိ ~~

" Noona ကျ​တော်​ ~~ "

" ​ဒီဇာတ်​မှာ ငါ ​ဗီလိန်​အဖြစ်​မခံနိုင်​ဘူး
Jongdae "

" ကျ​တော်​ ​တောင်းပန်​ပါတယ်​ Noona "

အပြစ်​သားတစ်​​ယောက်​နှယ်​ ~~ သူမအား
ရင်​မဆိုင်​ရဲစွာ ~~ ​ခေါင်းငုံ့ချကာ ~~
အထပ်​ထပ်​ ​တောင်းပန်​​တော့ ~~
သက်​ပြင်းတစ်​ဖွဖွနှင့်​ သူမသည်​လည်း
အဆင်​​ပြေဟန်​မတူ ~~

ကျ​တော်​၏ ကိုယ်​ဇာတ်​ကိုယ်​မနိုင်​​သော
ဇာတ်​လမ်းတွင်​ နစ်​နာသူသည်​ ~~
ကျ​တော်​တို့နှစ်​​ယောက်​မဟုတ်​ ~~
သူမကသာ ~~ Jongin ကိုချစ်​သည့်
အတွက်​​ကြောင့်​ ~~ ထိုဇာတ်​တွင်
ခေါင်းငြိမ့်​လက်​ခံခဲ့ခြင်းဖြစ်​သည်​ ~~

|| The Second Pain Of Sweet Lies ||Donde viven las historias. Descúbrelo ahora