Never Let You Go

1.2K 149 26
                                    

အပြင်းအထန်​ငြင်းဆန်​​နေ​သော
ခေါင်းမာလှသည့်​ အကြင်​သူအား
အတင်းအကျပ်​ ဖမ်းချုပ်​ပြီး ရင်​ခွင်​ထဲ
ထည့်​လိုက်​သည်​ ~~

" Jongdae ~~ ငါမင်းကို ချစ်​တယ်​ "

ကျ​တော်​က​တောင်​ လုံးဝမခံနိုင်​​တော့၍
အသံတိတ်​ မျက်​ရည်​ကျရ​ပေမဲ့ သူသည်​ကား
တစ်​စက်​က​လေးမှ နာကျင်​ဟန်​မပြ ~~

အောက်​နှုတ်​ခမ်းကို ဖိကိုက်​ရင်း ~~
ကျ​တော့်​လက်​​မောင်းကြားထဲမှ လွတ်​​အောင်
ရုန်းကန်​​နေသဖြင့်​ ~~ ​မျက်​နှာအား
လက်​တဖက်​နှင့်​ ထိန်းပြီး ~~ ခရမ်း​ရောင်
ဖြစ်​​နေသည့်​နှုတ်​ခမ်းလွှာအား ငုံ​ထွေးလိုက်​သည်

လုံးဝကျူး​ကျော်​ခွင့်​မ​ပေး​သော တားမြစ်​​နယ်​​မြေ
ကို မရရ​အောင်​ တိုးဝင်​​ပေမဲ့ ~~ ပိုပြီး
ပိတ်​သိမ်းသွားသည့်​ နှုတ်​ခမ်းနှစ်​လွှာက
ကျ​တော့်​အား ~~ အဆုံးစွန်​ထိ ငြင်းဆန်​သည်

နဂို သူကိုက်​ခဲထား​သော ​အောက်​နှုတ်​ခမ်း
ဒဏ်​ရာအား ​သွေးထွက်​​အောင်​ ထပ်​ကိုက်
လိုက်​​တော့ ~~ နာသွားသည့်​ပုံဖြင့်
ရုတ်​တရုတ်​ပွင့်​သွား​သော ပူ​နွေး​နွေး
ဂူငယ်​ထဲ ​နေရာအနှံ​လျှောက်​​ပြေးကာ
ချော့မြူ မိသည်

တစ်​စတစ်​စ ငြိမ်​ကျသွား​သော ~~
သူ့ကိုယ်​လုံးအား ~~ ခါးက​နေ ~~
တိုးဖက်​မိ​တော့ ~~ ခံစားရသည်​က ~~
သူအရမ်း ပိန်​သွားခဲ့သည်

" ချစ်​တယ်​ Kim Jongdae "

ကျ​တော်​၏ အကြမ်းဖက်​မှု​ကြောင့်
မောဟိုက်​​နေ​သောသူ့ကို နှဖူး​ပေါ်
အနမ်းတစ်​ချက်​ဖြင့်​ ​တောင်းပန်​ရင်း
ချစ်​စကားဆို​တော့ ~~

ချက်​ချင်းလို စီးကျလာသည့်​ မျက်​ရည်​ပူ
များက ~~ ကျ​တော့်​အား အရှင်​လတ်​လတ်
မီး​လောင်​တိုက်​သွင်း​နေသည့်​အလား ~~

" ငါ့အချစ်​က ~~ မင်းကို ပျက်​စီးရာ
ပျက်​စီး​ကြောင်း အဖြစ်​မခံနိုင်​ဘူး Jongin "

သူ့အား ရင်​ဘက်​နှင့်​အနီးကပ်​ဆုံးဖြစ်​​အောင်
ဆွဲသွင်းပြီး ~~ အကြင်​သူ​ကြောင့်
ရုန်းရင်းဆန်​ခက်​ ဖြစ်​​နေသည့်
ကမ္ဘာငယ်​အား နား​ထောင်​​စေ​တော့ ~~
အလွန်​အမင်း နှ​မြောတသ ဖြစ်​ဟန်​ဖြင့်
ပိုတိုးဝင်​လာ​သော ဌာ​နေသည်
ကျ​တော့်​၏ နှလုံးအိမ်​တည်​ရှိရာ
နေရာသို့ ~~

|| The Second Pain Of Sweet Lies ||Tahanan ng mga kuwento. Tumuklas ngayon