Ending Of Sweet Lies and Second Pain

1.7K 160 53
                                    

အဆုံးမသတ်​ထားသည့်​ ချစ်​ခြင်းနှင့်​ ~~
မြတ်​နိုးခြင်းတွင်​ ~~ အကြင်​သူအား
ပိုင်​ဆိုင်​ခွင့်​ရထားသည်​ဟူ​သော အတ္တကြီးမှုက
နာကျင်​​နေရတဲ့ကြားက တစ်​ဖက်​စွန်း​ရောက်​စွာ
ပျော်​​မွေ့နိုင်​​သေးသည်​ ။

" ချစ်​လိုက်​တာ Jongdae ရာ "

အချစ်​ဟူသည်
ကိုယ်​​ပြုံးရဖို့ထက်​ ~~ သူ​ပျော်​ရွင်​ရန်
ပိုလိုလားသည်​မျိုး ~~

" အင်း သိတယ်​ "

လှုပ်​လှုပ်​ရှားရှား ဂဏာမငြိမ်​ဖြစ်​​နေသည့်
ကျ​တော့်​အား အတင်းထိုင်​ခိုင်းပြီး
စိတ်​မပူရန်​ ​လေ​အေးဖြင့်​ ​ဖြောင်းဖျ​​လေသည်​ ။

" ငါရင်​ခုန်​ရလွန်းလို့ ​သေ​တော့မယ်​ ~~
တကယ်​ပါ Jongdae ရယ်​ ~~
ဆုံးရှုံးသွားရတာ​တွေအတွက်​ ​နောင်​တ
မရ​အောင်​ ~~ မင်း​ဘေးနားမှ ရှိ​နေရုံ​လေးက
လုံ​လောက်​ခဲ့တယ်​ "

မြတ်​နိုးလွန်း၍ မျက်​စိ​အောက်​က​နေ​တောင်
အ​ပျောက်​မခံရ​အောင်​ ကာကွယ်​​ပေးချင်
သည်​ဟုေ​ပြာရင်​ ကျ​တော့်​အား အချစ်​ရူး
ဟု ချီး​မြှောက်​ကြ​လေမလား ~~

" ငါက မင်းဆီမှာ ဘာမှမရှိ​တော့​အောင်
လုပ်​ခဲ့တဲ့သူ​လေ ~~ ယုတ်​စွအဆုံး
အ​မေက​တောင်​ လှည့်​မကြည့်​ချင်​​​တော့တဲ့အထိ
မင်းကိုငါ ဒုက္ခဖြစ်​​စေတာ​တွေက ~~
ငါ့အချစ်​တစ်​ခုထဲနဲ့တင်​ ~~ ​ပေးဆပ်​ဖို့
လုံ​လောက်​ပါ့မလား "

ကျ​တော့်​လက်​နှစ်​ဖက်​အား သူ့လက်​ဖဝါး
နှစ်​ခုထဲ ထည့်​ကာ ~~ သူ့ကိုယ်​သူ
အားမရသဖွယ်​ အပြစ်​တင်​​ချင်​​နေသဖြင့်​ ~~
ကြည်​နူးမှုများစွာဖြင့်​ ရင်​ခုန်​ရပြန်​​ရော ~~

" မင်းနဲ့သာ နောင်​ဘဝမှာ​တောင်
ချစ်​ခွင့်​ရမယ်​ဆို ~~ ငရဲ​တောင်​ အသွားအပြန်
လုပ်​ရဲတယ်​ အချစ်​ ရ "

ပိုပိုသာသာ ​လေကြီးမိသွား​ပေမဲ့ ~~
သူတစ်​ချက်​က​လေးမှ မရယ်​ ~~

ယုံကြည်​ခြင်း တစ်​ဖက်​ကမ်းတွင်​ အ​ခြေချထားပြီး
သည့်​သူလို ~~ ​အပြုံးတစ်​ချက်​နှင့်​သာ
ပြန်​တုန့်​ပြန်​သည်​ ။

|| The Second Pain Of Sweet Lies ||Tempat cerita menjadi hidup. Temukan sekarang