Stay With Me

1.1K 145 19
                                    

" မင်းအကြံအစည်​​တွေ ​အောင်​ပြီဆို​တော့
သိပ်​​ပျော်​​နေမှာ​ပေါ့ ~~ "

" ကျ​တော်​ မရည်​ရွယ်​ခဲ့ဘူး "

* ​ဖြောင်း *

လည်​ထွက်​သွား​သော ပါးပြင်​တစ်​ဖက်​မှ
ပူထူလာသည့်​ နာကျင်​မှုကို မခံစားနိုင်​ ~~

ကျ​တော့်​​ကြောင့်​ အကြင်​သူ
ပျက်​စီးရသည်​ကို ​တွေးမိတိုင်း
ရင်​ဘက်​ကြီး တစ်​ခုလုံး
တစ်​ဆစ်​ဆစ်​နာသည်

" Jongin ရဲ့အနာဂတ်​ ကို
မင်းဖျက်​စီးလိုက်​တာ ~~ သူ့ဟာသူ
အေးချမ်း​နေတဲ့ က​လေးက
မင်း​ကြောင့်​ သုံးစားမရ​အောင်​ တစ်​စစီ
ဖြစ်​သွားပြီ ~~ ငါ့သား လူ့ဘုံအလယ်
ဘယ်​လိုမျက်​နှာထွက်​ပြမလဲ "

" ကျ​တော်​ ​တောင်းပန်​ပါတယ်​ "

ကျ​တော့်​အား ရွံ့ရှာစွာ ကြည့်​ပြီး အိမ်​ထဲက
ထွက်​သွား​သော သူမ​ကျောပြင်​ကို
သတိမဲ့စွာ ​ငေးကြည့်​မိ​နေသည်​မှာ
လက်​​မောင်းကိုကိုင်​ပြီး သတိလာ​ပေးသည့်
အခါမှ အသက်​ပြန်​ရှူ မိလားမသိ ~~

" Jongdae "

တိုးညှင်း​သော နာမည်​​ခေါ်သံရဲ့​နောက်​တွင်
ကျ​တော့်​ တစ်​ကိုယ်​လုံးသည်​ ရင်​ခွင်​ကျယ်
တစ်​ခုတွင်​ မြှပ်​ဝင်​သွားသည်

" အမကြီး Kim ဘာ​တွေဘဲ ​ပြောသွား​ပြောသွား
ဂရုစိုက်​မ​နေနဲ့ "

ဆံပင်​​တွေကြားထဲ နှာ​ခေါင်းနှစ်​ကာ
ကျ​တော့်​အား နှစ်​သိမ့်​​နေ​သော အကြင်​သူအား
မျက်​နှာမပြဝံ့​အောင်​ အားနာမိသည်

" ငါ​တောင်းပန်​ပါတယ်​ ~~
ငါ့​ကြောင့်​ ~~ "

ကျောပြင်​အား ခပ်​သာသာပုတ်​ရင်း
က​လေး​ချော့သလို ​ချော့မြူ ​နေသည့်​ သူ
ကြောင့်​ ငိုချင်​ရက်​လက်​တို့ ဖြစ်​​နေ​သော
ကျ​တော့်​မှာ သူ၏ခါးအား ပြန်​ဖက်​ကာ
ရင်​ခွင်​ထဲ အတင်းတိုးဝင်​လိုက်​သည်

အနီးဆုံး ဖြစ်​သွားသည့်​ အကြင်​သူ၏
နှလုံးအိမ်​တည်​ရှိရာ ဝဲဘက်​ရင်​အုံက
ကျ​တော့်​​ကြောင့်​တည်းဟူ​သော
အ​ကြောင်းပြချက်​ဖြင့်​ အရှိန်​ပြင်းပြင်း
ခုန်​လှုပ်​​နေ​သောအခါ ဆင့်​ကာ ​မိုက်​မဲ​သော
အရူးထခြင်းသည်​ သူ့အား ဘယ်​​သောအခါမှ
လက်​မလွတ်​ချင်​​တော့ ~~

|| The Second Pain Of Sweet Lies ||Donde viven las historias. Descúbrelo ahora