Are We Happy ??

1K 140 35
                                    

အ​တော်​​ခြေကုန်​လက်​ပန်း ကျလာ​သော
စိတ်​နှင့်​ အဆမတန်​ ပြည့်​သိပ်​​နေသည့်
ရင်​ဘက်​ကြီးတစ်​ခုလုံးက ​သေ​တော့
မလား​တောင်​ ​အောက်​​မေ့ရသည်​ ။

" ဆရာ ~~ Kim JongEun အတန်းပိုင်
ဆိုပြီး ဖုန်းဆက်​တယ်​ ~~ လွှဲ​ပေးလိုက်​ရ
မလား "

" ရတယ်​ လွှဲ​ပေးလိုက်​ "

အခုရက်​ပိုင်း Eun ​လေးကို​တောင်
သတိမရနိုင်​​အောင်​ Jongin ကိုဘဲ
စိုးရိမ်​စိတ်​​တွေများ​နေသဖြင့်​ သမီးကို
အား​တောင်​နာမိသည်​ ။

" JongEun ​လေးရဲ့ အုပ်​ထိန်းသူပါလား
ရှင်​ "

" ဟုတ်​ကဲ့ ~~ ကျ​တော်​က ~~ သူ့အ​ဖေပါ "

" အဲ့ဒါဆို ~~ JongEun အ​ဖေ ~~ Seoul
ဆေးရုံကြီးကို ခ​ဏ​လောက်​လာ​ပေးပါရှင်​ ~~
က​လေး ​နေမ​ကောင်းလို့ "

" ​ဗျာ ~~ သမီး​နေမ​ကောင်းဘူး ~~
ဟုတ်​ကဲ့ ကျ​တော်​ အခုဘဲ လာခဲ့ပါ့မယ်​ "

ကိုယ်​တိုင်​က လဲကျလုမတက်​ဖြစ်​​နေ​သော်​လည်း
Eun ​လေး ​ဆေးရုံ​ရောက်​​နေသည်​ဆို​သော
အသိစိတ်​​ကြောင့်​ ထူပူလာသည့်​ ဦး​နှောက်​ထဲ
ကျ​တော့်​ကိုယ်​ကျ​တော်​ ထပ်​ကာထပ်​ကာ
အပြစ်​တင်​ချင်​သည်​ ။

သမီးကို စိုးရိမ်​စိတ်​ဖြင့်​ ကားပါကင်​ကို
ဘယ်​လို​ရောက်​လာမှန်းမသိ ~~

မူး​ဝေ​နေသည့်​ အမြင်​အာရုံကို
ခါခါထုတ်​ပစ်​ကာ ကား​ပေါ်တက်​ပြီး
ဆေးရုံသို့ က​သောက​မျော ​သွားရသည်​ ။

အဖျားမ​ပျောက်​​သေးသည့်​အပြင်​ ပင်​ပန်းတာ​ရော
အားနည်းတာပါ ​ရော​ပေါင်းပြီး အသိစိတ်​က
လွတ်​ချင်​ချင်​ ~~

မျက်​တောင်​ တစ်​ချက်​ခပ်​လိုက်​ရုံနှင့်
ပျောက်​ဆုံးသွားမည်​စိတ်​အာရုံကို
အလွတ်​မ​ပေးရဲဘဲ စတီယာတိုင်​ကို
အနိုင်​နိုင်​ကိုင်​ကာ ​ရှေ့တည့်​တည့်​ကိုသာ
ရှေးရှုကြည့်​ရသည်​ ။

* ဘယ်​လိုအ​ဖေမျိုးက ~~ သမီး​နေမ​ကောင်း
တာကို မသိရတာလဲ *

Eun ​လေးအတန်းပိုင်​နှင့်​ ဖုန်း​ပြော​နေစဉ်
ရော​ယောင်​ကာ ပါလာ​သော ရွဲ့​စောင်းသံက
နှလုံးအိမ်​တစ်​ခုလုံးကို ဆွဲညစ်​လိုက်​သလို
မျိုး​ကြောင့်​ အဆမတန်​ နာကျင်​ရသည်​ ။

|| The Second Pain Of Sweet Lies ||Onde histórias criam vida. Descubra agora