One Side

2.1K 197 14
                                    

မ​နေ့က​နှင့်​မထူးမခြားစွာ အင်​မတိအင်​မတန်​မှ
စိတ်​ကသိက​အောင့်​ဖြစ်​ရုံတင်​သာမက
ဒေါသထွက်​လာနိုင်​သည့်​အ​ခြေအ​နေအထိ
စိတ်​ဒုက္ခ​ပေး​နေပါ​သော အနှီးလူသားအား
စိတ်​​ပေါက်​​ပေါက်​နှင့်​ ရိုက်​ထုတ်​ချင်​သည်

" မင်းရဲ့ဟိုတယ်​မှာ ငါ့ပွဲလုပ်​မယ်
မင်းစီစဉ်​​ပေး Jongin "

ကျ​တော့်​အလုပ်​စားပွဲ​ရှေ့က ဧည့်​သည်​ထိုင်​ရန်
သီးသန့်​ထား , ထား​သော ဆိုဖာတွင်
စိတ်​​အေးသက်​သာစွာ ထိုင်​​နေ​သော
Kim Jongin သည်​ နာမည်​ကြီး အနုပညာ
ရှင်​တစ်​​ယောက်​ပီသစွာ ခန့်​ထည်​လွန်းပါသည်

ပွဲဆိုလို့ ~~ ရိုးရိုးတန်းတန်းပွဲ မထင်​ပါနှင့်
သူနှင့်​ Nayong Noona တို့၏
တရားဝင်​​စေ့စပ်​ပွဲ​လေ

" ငါမင်းကို ချစ်​​နေဆဲဆိုတာ
မင်းသိမှာပါ Jongin "

မျက်​စိ​ရှေ့က လက်​မှတ်​ထိုးရန်​ ပုံ​နေ​သော
စာရင်းဖိုင်​တွဲများနှင့်​ အလုပ်​ရှုပ်​​​နေသည့်
ကျ​တော့်​မှာ သူ့ကို​တောင်​ မျက်​လုံးချင်း
မဆုံနိုင်​ဘဲ ထပ်​မံ၍ချစ်​​ရေးဆိုခြင်းသည်
အနည်းငယ်​ ကို့ရိုးကားယားဖြစ်​သွား
သည့်​အပြင်​ ​​လေးနက်​မှုမရှိလှဟု
ထင်​​ကောင်းထင်​လိမ့်​မည်

" အဲ ~~ Kim Jongdae shi
ရည်းစားစကား​ပြောချင်​ရင်​လည်း
ငါ့​ရှေ့မှာ အရင်​လာထိုင်​ဦး ~~
ဘယ့်​နှယ်​ ~~ ချစ်​ပါတယ်​လည်းဆို​သေး
လက်​က အလုပ်​နဲ့မပြတ်​ဘူး ~~
ကြည့်​လဲလုပ်​ ~~ အဲ့ဒါ​တွေက
သေရင်​ ကိုယ့်​​နောက်​ပါတာမဟုတ်​ဘူး "

ရွဲ့​စောင်းခြင်း ၁၀၀ ရာခိုင်​နှုန်းအပြည့်
ပါဝင်​​သော ဆိုးဝါးသည့်​စကားဖြစ်​​နေ​စေကာမူ
ကျ​တော်​က​တော့ ဤသည်​ကိုပင်
မိမိကို စိုးရိမ်​သည်​ဟု ထင်​မှတ်​ကာ
ကျေနပ်​​နေ​သေးသည်

ရူးနှမ်း​လိုက်​ပါ​ပေ့ ~~

" မင်း​တောင်​ ပိုက်​ဆံရှာနိုင်​​နေပြီဘဲ
ငါလည်း မင်းနဲ့တန်းတူဖြစ်​​အောင်
ကြိုးစားရမယ်​​လေ "

" ဟာ ~~ ချီးကျူးသင့်​တာ​ပေါ့ "

မျက်​ခုံးတစ်​ချက်​ပင့်​ကာ နှုတ်​ခမ်းထူထူကို
လှပစွာ မဲ့ရင်း ကျ​တော့်​စိတ်​ရင်းတိုင်းအား
ပျက်​ရယ်​ပြု​လေသည်

|| The Second Pain Of Sweet Lies ||Donde viven las historias. Descúbrelo ahora