The Decision

1.3K 167 13
                                    

" က​လေး ~~ က​လေးက Eun ​လေးလား "

လက်​ခုံဖြင့်​ မျက်​လုံးကိုပွတ်​ရင်း ကျ​တော့်​အား
မော့ကြည့်​​သော ၇ နှစ်​အရွယ်​ က​လေးမ​လေး

" ......... "

" ဦးဦးကို စကားမ​ပြောချင်​ဘူးလား ဟင်​ ~~ "

ခေါင်းလည်းမခါ ​ခေါင်းလည်းမငြိမ့်​ပြ​သော
က​လေးငယ်​၏ တုန့်​ပြန်​မှုကို ကျ​တော့်
မကြိုက်​ ~~

မဟုတ်​မှ ~~

" က​လေး ~~ က​လေး ~~ Eun ​လေး "

ပခုံးအား ကိုင်​ကာ ခပ်​ဖွဖွ လှုပ်​ခါလိုက်​​တော့
ကြောင်​စီစီနှင့်​ သူ့ပခုံးအ​ပေါ်က ကျ​တော့်​လက်​ကို
စောင်းငဲ့ကြည့်​​လေ​သော မျက်​ဝန်းငယ်​သည်
ဘယ်​လိုမှ ပုံမှန်​မဟုတ်​တန်​ရာ ~~

ကျ​တော့်​ထင်​ထားသည့်​ အ​တွေးသည်
ခြောက်​ခြားဖွယ်​ အမှန်​ဖြစ်​​လေသည်

နုနယ်​လှ​သော က​လေးငယ်​၏ ရင်​တွင်း
တစ်​​နေရာတွင်​ ဘယ်​​လောက်​​တောင်
ထိခိုက်​ထား၍ ဤသို့​သော
စိတ်​ဒဏ်​ရာနှင့်​အတူ ​ရောဂါဆိုးကြီးပါ
ဖြစ်​သွားသလဲမသိ ~~

" က​လေးက ~~ ငယ်​ငယ်​​လေးနဲ့
စိတ်​ထိခိုက်​တာ​တွေများပြီး ဒဏ်​ရာ​တွေလို
ဖြစ်​သွားပုံဘဲ ~~ အဲ့ဒါမျိုးက
စိတ်​​ရောဂါအထူးကု​တွေနဲ့စွဲပြီး ပြသင့်​တာ ~~
အရင်​​နေခဲ့တဲ့ ပတ်​ဝန်းကျင်​မှာ ပြန်​ထားရင်
ဒီထက်​ပိုဆိုးလာလိမ့်​မယ်​ "

ဆရာဝန်​​ပြောလိုက်​​သော စကားများထဲတွင်
အရင်​​နေခဲ့သည့်​ ပတ်​ဝန်းကျင်​ဟူ​သော
အချက်​က ကျ​တော့်​အ​ပေါ် အ​တော်​​လေး
သက်​​ရောက်​မှုရှိ​စေသည်

တခါးတစ်​ချပ်​သာ ခြား​သော တစ်​ဖက်​တွင်
အော်​ဟစ်​ငို​ကျွေး​နေကြသည့်​ ကျန်​ရစ်​သူများ
ထဲတွင်​ ဤက​လေးငယ်​ကို ဂရုစိုက်​မည်​သူ
အဘယ်​​ကြောင့်​မရှိသနည်း ~~

မ​တော်​တဆဖြစ်​ပြီး ​သေဆုံးသွား​သော
ဝန်​ထမ်း၏ ​သွေးသားဖြစ်​​နေသည်​​တောင်​မှ
အ​ရေးမစိုက်​ကြ​သော ထိုငိုယို​နေကြသည့်
လူများအား ကြည့်​မရ​တော့​ချေ ~~

|| The Second Pain Of Sweet Lies ||Tempat cerita menjadi hidup. Temukan sekarang