It Will Nothing

1.1K 139 7
                                    

တစ်​ပတ်​တိတိ အပြင်​လည်းမထွက်​နိုင်
အခန်းတွင်း ​အောင်း​နေသည့်​ ကျ​တော့်​ကို
Jongdae ​နေ့တိုင်းလာကြည့်​​သော်​လည်း
ထွေ​ထွေထူးထူးမ​ပြော ~~

အလွန်​အမင်း အပင်​ပန်းခံ အဆင်းရဲ ခံကာ
ကြိုးစားခဲ့ရသည့်​ မှတ်​တိုင်​တစ်​ခုဖြစ်​​သော​ကြောင့်
ခဏ​လေးအတွင်း ချက်​ချင်းလိုလို ​ပျောက်​ဆုံး
သွားခြင်းသည်​ မည်​မျှပင်​ အားတင်းထား
သော်​လည်း အနည်းငယ်​​တော့ နာကျင်​ရသည်​ ။

စပြီးသတင်းထွက်​သည့်​ရက်​တွင်​​တော့ ကိုယ့်​ကို
ကိုယ်​ အဟုတ်​ကြီးထင်​ ~~

Jongdae ကိုပါ ကာကွယ်​မည်​ဟု မိုးလားကဲလား
ပြော ~~

ထိုသို့ ဘဝင်​​လေဟပ်​ခဲ့ဖူးသည်​ ။

နေ့စဉ်​ရက်​ဆက်​ နားချိန်​မရှိရာမှ ရက်​ကူး
သည်​နှင့်​ အလုပ်​အကိုင်​မဲ့သွား​သော အဖြစ်​မှာ
ထင်​ထားသည်​ထက်​ ထိပ်​လန့်ဖွယ်​​ကောင်း
သည်​ ။

ညတိုင်းလိုလို ထိုကိစ္စများအား​တွေးပြီး ကျ​တော့်
လုပ်​ရပ်​အ​ပေါ် မှားများမှားခဲ့​လေသလားဟု
တောင်​စဉ်​​ရေမရ အ​တွေးများနှင့်​ အိပ်​မရ ~~

" အကို​လေး Jongin ~~ ည​နေစာ
စား​တော့မလား "

ထမင်းသုံးနပ်​လုံးကို အခန်းထဲ လာပို့
ပေး​သော Jongdae ​ကြောင့်​ အစာအ​ရေ
တော့ မပြတ်​ခဲ့ ~~

၈ ရက်​​မြောက်​​နေ့ည​နေခင်းတွင်​ ~~

အနည်းငယ်​ အနည်​ထိုင်​လာ​သော
စိတ်​အ​ခြေအ​နေ
နှင့်​ အခန်းထဲက ထွက်​လာ​ပေမဲ့ တစ်​အိမ်​လုံး
တိတ်​ဆိတ်​​နေသည့်​အ​ခြေအ​နေက ထူး​ဆန်း
လွန်းသည်​ ။

" Jongdae ​ရော "

" အကို​လေးလား ~~ မ​နေ့ညတည်းက
အိမ်​ပြန်​မအိပ်​ဘူး ~~ အဖျားက အခုထိ
မ​ပျောက်​​သေး​တော့ ခဏခဏ ​မေ့လဲ
နေတယ်​ ~~ အ​ဒေါ်က ​ဆေးရုံသွားဖို့
ပြောတာ​တောင်​ မင်းကို စိတ်​မချလို့
မသွားဘူးတဲ့​လေ ~~ အလုပ်​ကိစ္စ​တွေလည်း
ဒီအတိုင်းလွှတ်​ထား​တော့ ပြသာနာ​တွေ
တက်​ပြီး မ​နေ့မနက်​ထဲက ထွက်​သွားပြီး
ပြန်​မ​ရောက်​လာတာဘဲ "

ကျ​တော်​ တစ်​ကိုယ်​​ကောင်းဆန်​လွန်းခဲ့သည်​ ။

ဘယ်​​တော့မဆို Jongdae တစ်​ဦးတည်း
ရင်​မဆိုင်​ဖို့ ကတိ​တောင်းခဲ့ပြီး တကယ်​တမ်း
ထွက်​​ပြေးခဲ့သည်​မှာ ကျ​တော်​ဖြစ်​​နေ၏ ။

အခန်းထဲ ​ရောက်​လာတက်​သည့်​သူ့ကို
တစ်​စက်​က​လေး​တောင်​ လှည့်​မကြည့်​ဘဲ
ကျောခိုင်းကာ ကိုယ်​အ​ပူနှင့်​ကိုယ်
လျစ်​လျူ ရှုပစ်​ခဲ့သည်​ ။

Kim Jongin မင်း Jongdae ကို
နာကျင်​​စေခဲ့ပြန်​ပြီ ~~

ထမင်းစားပွဲတွင်​ ငူငူကြီးထိုင်​ကာ မျက်​ရည်
ကျ​နေ​သော ကျ​တော့်​ကို စိတ်​မချမ်းသာ
ဟန်​ဖြင့်​ ​ဘေးနားက အလုပ်​သမားအကုန်​လုံး
ရှောင်​သွား​ပေးကြ​လေသည်​ ။

ကျ​တော်​သည်​ ချစ်​တယ်​ ဟုသာ
အခါခါ​ပြော​​ခဲ့သော်​လည်း ~~

ခဏခဏထုတ်​မ​ပြခဲ့​သော သူ့အချစ်​ထက်​ပင်
ပို၍ တန်​ဖိုးနည်းခဲ့ဟန်​တူသည်​ ။

ရှက်​ရွံ့စွာ သိမ်​ငယ်​သွားခြင်းသည်
အတိတ်​မှ မိမိကိုယ်​ကိုပင်​ ​လေးစားမိသွား
သည်​ ။

* ​တောင်းပန်​ပါတယ်​ အချစ်​ရယ်​ ~~ *

တိတ်​တဆိတ်​ ​တောင်းပန်​စကား
အထပ်​ထပ်​ဆို အခါခါ ကိုယ့်​ကိုကိုယ်
ပြစ်​တင်​စကား​ပြောရင်း ရင်​ထုမနာဖြစ်​ကာ
အသက်ရှူ ရပ်မတက် ​​​ရှိုက်​၍ ငို​ကြွေးရပြန်​သည်​ ။

ကျ​တော်​သည်​ ပိုင်​ဆိုင်​ခြင်း ၌သာ
အတ္တထားပြီး ချစ်​ခြင်းအရာ၌ Jongdae ကို
မမှီခဲ့​လေ​သောအခါ ~~

~~~~~~~~~~

တိုသွားတယ်​ ~~
ဘယ်​လိုလုပ်​ရမှန်းမသိ​သေးလို့
ဇတ်​လမ်းကို ရှည်​သင့်​သလား

နည်းနည်းပါဘဲ
့အပိုင်းအများကြီးမဟုတ်​ဘူး

ဒါမှမဟုတ်​လည်းပြီး​စေချင်​ရင်
ကျ​တော်​ သိမ်း​ပေးမယ်​​နော်

KJD က KJI အ​ကြောင်းကို
အစအဆုံးသိလို့ သူ တားခိုင်းခဲ့​တာ​နော်

KJI ​နောင်​တမရ​စေချင်​လို့

ဟုတ်​ပါတယ်​ အတိတ်​က KJI က
ပိုမိုက်​ရူးရဲဆန်​ပြီး ပိုအတ္တကြီးတယ်

အခုက ချစ်​တယ်​ဆိုရုံ​လေးသာ

KJD မမှားခဲ့ပါဘူး

|| The Second Pain Of Sweet Lies ||Donde viven las historias. Descúbrelo ahora