(Zawgyi)
soeun's P.O.V,
"အား...နောက်ကျနေပြီ...တကယ်ပါပဲ"
လက်တစ်ဖက်တွင် သောက်လက်စကော်ဖီခွက်
ကျန်တစ်ဖက်တွင် သင်ရမည့်စာအုပ်များကိုကိုင်ကာ
စာသင်ခန်းရှိရာသို့ ကဗျာကယာပြေးပြရပြန်သည်ကျောင်းသားများအတန်းထဲသို့နောက်ကျမှဝင်လာသည်ကို
မကြို က်သောprofessorနှင့် နံနက်စောစောအိပ်ရာထ
ရန်ပျင်းသောကျွန်မ နည်းနည်းလေးမှကီးမကိုက်"ashii...ဘယ်နှစ်နာရီတွေရှိကုန်ပြီလဲမသိဘူး"
'ဘုန်း'
နာရီအားငုံ့ကြည့်လိုက်မိသောအကျိုးဆက်အဖြစ်ရှေ့၌ရှိနေ
သောတစ်စုံတစ်ယောက်အားဝင်ဆောင့်မိတော့သည်
ထိုအရှိန်ကြောင့်သူ ကိုင်ထားဟန်ရှိသောစားလက်စ
ပေါင်မုန့်မှာမရှုမလှမြေခသွားသည့်အပြင် ကျွန်မကိုင်ထား
သောကော်ဖီခွက်မှကော်ဖီများမှာလည်း သူ၏အဖြူ ရောင်
အင်္ကျီအားဆေးရောင်ခြယ်သလိုက်ကြသည်ကျွန်မဘက်လှည့်လာသောခန္ဓာကိုယ်ကြီးကြီး
ထောင်းခနဲဒေါသထွက်သွားသောကြောက်စရာမျက်နှာထား"တောက်...လူတစ်ယောက်လုံးရပ်နေတာမမြင်ဘူးလား"
ဟိန်းထွက်လာသောအသံသြသြ
ပြဿ နာကိုမီးခွက်ထွန်းရှာမိခြင်း
ပျားအုံကိုတုပ်ဖြင့်ထိုးမိခြင်းစာတစ်စက်မှမလုပ်၍နောက်ဆုံးနှစ်ကိုတဘုန်းဘုန်းကျ
လျက်ရှိသောအစားနှင့်ပတ်သက်လာလျှင်ဘာမှမမြင်တော့သော
လူနှစ်ကိုယ်စာလောက်ကြီးမားသည့်ခန္ဓာကိုယ်အား
ပိုင်ဆိုင်ထားသာခန္ဓာကိုယ်အားကိုးဖြင့်ဂျူ နီယာများအပေါ်ဗိုလ်ကျ ရန်ရှာ လေ့ရှိသော
ဒေါသထွက်လာလျှင်မြင်သမျှဖျက်ဆီးသောင်းကျန်းတတ်
သောနာမည်ပြောင်'ဝက်ရူး စီနီယာ'ဟုနာမည်ကြီးသော
သူ့အား ဤကျောင်းတွင်မကြောက်သည့်သူမရှိ
နံနက်စောစောစီးစီး ကံဆိုးမှုတစ်ခုကကျွန်မအားလှလှပပ
ကိုဆီးကြို လိုက်တော့သည်

DU LIEST GERADE
My Winter Story
Fanfiction(Zawgyi+Unicode) နှင်းတွေကျနေတယ် ခရစ်စမတ်သစ်ပင်တွေမီးရောင်တလက်လက်နဲ့တောက်ပ နေကြတယ် စန်တာကလော့အရုပ်ကြီးတွေပြုံးပျော်နေကြတယ် ခရစ်စမတ်တေးသီချင်းသံတွေနေရာအနှံ့ပျံ့လွင့်နေတယ် နင်သိလား အခုအချိန်မှာ ငါအလိုချင်ဆုံး တစ်ခုတည်းသောခရစ်စမတ် လက်ဆောင်က နင် ဆိုတာ န...