(Zawgyi)
woohyun's P.O.V,
နံနက်ခင်းဟာချမ်းစိမ့်စိမ့်နှင့်သာသာယာယာမရှိ
ကျောင်းသားကျောင်းသူများမရှိသေးသောစာသင်ခန်းမှာ
ဟာလာဟင်းလင်းနှင့်တိတ်ဆိတ်ငြိမ်သက်နေသည်ကျွန်တော် နောက်ဆုံးစားပွဲခုံတွင်ပျင်းရိလေးလံစွာအသာ
ဝင်ထိုင်လိုက်သည်တစ်နေ့ကဖြစ်ခဲ့သောကိစ္စများမှာယနေ့ထိခေါင်းထဲက
မထွက်ထိုနေ့က soeunငိုနေခဲ့သည်
သူမ မျက်ရည်များက ကျွန်တော့်ကိုနာကျင်စေသလိုပင်ထိုနေ့က သူမကြောက်နေခဲ့သည်
သူမ တုန်လှုပ်နေပုံက ကျွန်တော့်ကိုစိတ်ထိခိုက်စေသလိုပင်အခန်းထဲဝင်လာသောဒေါက်ဖိနပ်သံကြောင့်အတွေးစများ
ပြတ်တောက်သွားသည်"woohyunah"
ဆူဆူညံညံဖိနပ်သံမှာကျွန်တော့်နားသို့တဖြည်းဖြည်းနီးကပ်
လာသည်"woohyunah…ငါ့ကိုစကားလေးဘာလေးပြောပါဦး"
ကျွန်တော့်ဘေးနားလာရပ်နေသည့် sojin
အခုထိ သူမကိုမြင်တိုင်းဒေါသထွက်နေတုန်းဖြစ်သည်
"နင်ဘာဖြစ်လို့soeunကိုအနိုင်ကျင့်ခဲ့တာလဲ…သူက
နင့်အပေါ်ဘာအမှားလုပ်ထားလို့လဲ"သူမလုပ်ရပ်များမှာတရားလွန်လွန်အားကြီးသည်
ဘယ်လိုမှ ခွင့်လွှတ်ထိုက်သည့်အရာမဟုတ်"woohyunah…ငါ ဒါတွေအားလုံး နင့်ကြောင့်လုပ်ခဲ့ တာ…ငါ နင့်ကိုချစ်လို့…ပိုင်ဆိုင်ချင်လို့…နင့်ရဲ့ချစ်သူဖြစ်ခွင့်
ရချင်လို့လုပ်ခဲ့တာ""ဘာ"
မထင်မှတ်ထားသောအဖြေကြောင့်ကျွန်တော်နားလည်ရ
ခက်သွားသည်လွန်ခဲ့သောတစ်နှစ်ခန့်ကသာဒီစကားကိုကြားခဲ့မည်ဆိုလျှင် ကျွန်တော် တော်တော်ကိုပျော်နေခဲ့ပေလိမ့်မည်
သို့သော် ယခုတော့ ဤစကားမှာကျွန်တော့်ကိုတော်တော်
လေးစိတ်အနှောက်အယှက်ဖြစ်သွားစေသည်"ဟုတ်တယ် woohyun…ငါ နင့်ကိုချစ်ခဲ့တယ်…ဟိုးငယ်ငယ်လေးထဲကအခုထိပဲ…နင် ငါ့ကိုဖွင့်ပြောလာ
မယ့်တစ်နေ့ကိုဇွဲကြီးကြီးနဲ့စောင့်လာခဲ့တာ…ဒါပေမယ့်…
ဒါပေမယ့်…နင်ဖွင့်ပြောလိုက်တဲ့သူက ငါမဟုတ်ဘဲsoeun
ဆိုတဲ့မိန်းမဖြစ်နေခဲ့တယ်"
YOU ARE READING
My Winter Story
Fanfiction(Zawgyi+Unicode) နှင်းတွေကျနေတယ် ခရစ်စမတ်သစ်ပင်တွေမီးရောင်တလက်လက်နဲ့တောက်ပ နေကြတယ် စန်တာကလော့အရုပ်ကြီးတွေပြုံးပျော်နေကြတယ် ခရစ်စမတ်တေးသီချင်းသံတွေနေရာအနှံ့ပျံ့လွင့်နေတယ် နင်သိလား အခုအချိန်မှာ ငါအလိုချင်ဆုံး တစ်ခုတည်းသောခရစ်စမတ် လက်ဆောင်က နင် ဆိုတာ န...