(Zawgyi)soeun's P.O.V,
"ညီမတို့လမ်းခွဲကြရအောင်"
တစ်သက်နဲ့တစ်ကိုယ် ကျွန်မပါးစပ်ကဒီစကားထွက်လာလိမ့်
မယ်လို့ယောင်လို့တောင်မတွေးဖူးခဲ့"soeunah…"
တုန်လှုပ်သွားတဲ့သူ့ခေါ်သံကိုကြားပေမယ့် ကျွန်မ မြေပြင်ကိုသာမျက်နှာမူထားဆဲ
သူ့မျက်ဝန်းတွေကိုကြည့်မိရင်
ထပ်ပြီးဖက်တွယ်ထားမိမှာ လက်မလွှတ်လိုက်ချင်တော့မှာ
လောဘတွေတက်မိမှာ ကြောက်လို့"ဒီအတောအတွင်း အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်…ကျေးဇူး
အများကြီးတင်ပါတယ် oppa…ကျွန်မလိုဘာမှမဟုတ်တဲ့
သူကိုအိပ်မက်လှလှမက်ခွင့်ပေးခဲ့လို့""……"
တားဆီးမရတော့အောင်တရစပ်ကျဆင်းနေတဲ့မျက်ရည်ကို
ရောဖြေဖျောက်လို့မရတော့အောင်တရစပ်နာကျင်နေတဲ့
နှလုံးသားကိုပါဥပေက္ခာပြုလိုက်မိသည်"နှုတ်ဆက်ပါတယ် oppa"
"……"
ကျောက်ရုပ်တစ်ရုပ်အလား မလှုပ်မယှက်နှင့်
ကြောင်တောင်တောင်ဖြစ်နေသောသူ့အားပြုံးပြနှုတ်ဆက်
လိုက်သည်အရင်လို တောက်တောက်ပပအပြုံးတွေတော့မဟုတ်နိုင်
နာကျင်မှုတွေအတိုင်းသားထင်ဟပ်နေမယ့်ထိုဝမ်းနည်စရာ
အပြုံးတွေကဘယ်လောက်တောင်အကျည်းတန်ဆန်နေ
လိုက်မလဲကျောခိုင်း၍လှည့်ထွက်လာခဲ့သည် သူ၏အနားမှ
မျက်နှာမူ၍ဦးတည်လိုက်သည် သူနှင့်ဝေးရာသို့
ပြီးဆုံးသွားခဲ့သည် သူနဲ့ကျွန်မရဲ့ ဆက်ဆံရေးက
ထိုကဲ့သို့ မလှမပနှင့်အဆုံးသတ်သွားခဲ့သည် ကျွန်မရဲ့စိတ်ကူးယဉ်ဇာတ်လမ်းက
ထိုကဲ့သို့ မနူးမညံ့နှင့်ကျွန်မရဲ့နတ်သမီးပုံပြင်လေးဟာ
စင်ဒရဲလားလို မင်းသားလေးနဲ့မပေါင်းဖက်လိုက်ရဘဲ
စနိုးဝှိုက်လို မင်းသားလေးရဲ့အနမ်းကိုတောင်မရရှိဘဲ
ဇာတ်သိမ်းသွားခဲ့ရသည်

ESTÁS LEYENDO
My Winter Story
Fanfiction(Zawgyi+Unicode) နှင်းတွေကျနေတယ် ခရစ်စမတ်သစ်ပင်တွေမီးရောင်တလက်လက်နဲ့တောက်ပ နေကြတယ် စန်တာကလော့အရုပ်ကြီးတွေပြုံးပျော်နေကြတယ် ခရစ်စမတ်တေးသီချင်းသံတွေနေရာအနှံ့ပျံ့လွင့်နေတယ် နင်သိလား အခုအချိန်မှာ ငါအလိုချင်ဆုံး တစ်ခုတည်းသောခရစ်စမတ် လက်ဆောင်က နင် ဆိုတာ န...