Part-11

543 59 3
                                        

(Zawgyi)

မှန်ပေါ်မှာအထင်းသားပေါ်နေတဲ့သူမရဲ့ပုံရိပ်

မျက်လုံး နှာခေါင်း နှုတ်ခမ်း အသားအရေ တစ်ခုမှပြောစရာ မရှိအောင်ပြီးပြည့်စုံနေတဲ့အလှတရား

ပြင်ထားတဲ့မိတ်ကပ်နဲ့လိုက်ဖက်ညီစွာဖြူ စင်သန့်ရှင်းနေတဲ့ မျက်နှာ

သို့သော် ဖြူ စင်မှုနဲ့လားလားမျှမသက်ဆိုင်တဲ့ ညစ်ကျယ်ကျယ်အပြုံးတွေကသူမမျက်နှာထက်မှာအကျည်းတန်စွာနေရာယူလိုက်ကြသည်

"ဟားဟားဟား......"

ရေချိုးခန်းတွင်းကျယ်လောင်စွာထွက်ပေါ်လာတဲ့
အော်ရယ်သံ

စိတ္တဇလူသတ်ကားထဲကလူသတ်ပြီးသွားတဲ့လူသတ်သမား
လို

စနိုးဝှိုက်ပုံပြင်ထဲကစနိုးဝှိုက်ကိုပန်းသီးကျွေးပြီးသွားတဲ့စုန်းမ
ကြီးလို

သူမဟာမိန်းမလှလေးတန်မဲ့ချောက်ချားစရာကောင်းနေ
သည်

မြင်မြင်ချင်းကြွေဆင်းရလောက်တဲ့မျက်နှာလေးနဲ့
သဘောကောင်းလွန်းတဲ့စိတ်ထားကြောင့်ကျောင်းတွင်
နတ်သမီးဟုတင်စားခံရသောmin sojinမှာဝိညာဉ်များ
လဲသွားသည်လား

မဟုတ်

တကယ်တမ်းတော့ သူမဟာနတ်သမီးယောင်ဆောင်ထားတဲ့နတ်ဆိုးတစ်ပါး

မိသားစုရဲ့ချမ်းသာကြွယ်ဝမှုနဲ့မိဘတွေရဲ့အလိုလိုက်ခြင်းခံခဲ့ရတဲ့တစ်ဦးတည်းသောသမီးဖြစ်သည်နှင့်အညီသူမဟာ
ငယ်ငယ်တည်းကဆိုးချင်တိုင်းဆိုးရင်းကြီးပြင်းလာခဲ့သည်

သူမ၏နှိပ်စက်မှုဒဏ်ကိုမခံနိုင်၍အိမ်ဖော်များပင်တစ်
ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရသည်အထိပင်

သို့သော် ပါးနပ်လွန်းသောသူမမှာ ထိုအကျင့်အတိုင်းဆိုလျှင်
ကျောင်း၌သူငယ်ချင်းမရနိုင်ကြောင်း အများပြောစရာဖြစ်နိုင်
ကြောင်း ကြို တင်တွေးဆမိခဲ့သည်

ထို့ကြောင့် ကျောင်းရောက်တိုင်းသူမ၏ပုံစံအမှန်ကိုဖုံးကွယ်
၍စိတ်သဘောထားကောင်းသူတစ်ယောက်အဖြစ်
ဟန်ဆောင်ခဲ့သည်

ရုပ်လေးလည်းချော ချမ်းလည်းချမ်းသာ စိတ်ထားလေးလည်း
ကောင်းယောင်ဆောင်ထားသည်မို့သူမအားချစ်သူခင်သူများ
အလွန်ပေါများခဲ့သည်

My Winter StoryWhere stories live. Discover now