(Zawgyi)
soeun's P.O.V,
ကျွန်မရဲ့မနက်ခင်းတိုင်းဟာအရင်ကလိုငြီးငွေ့စရာမကောင်း
တော့ဘဲတစ်စုံတစ်ခုကြောင့်စိတ်လှုပ်ရှားစရာတစ်ခုဖြစ်လာခဲ့သည်ထိုတစ်စုံတစ်ခုကတော့မနက်တိုင်းတံခါးရှေ့မှာဆီးကြို နေ
လေ့ရှိတဲ့ စတော်ဘယ်ရီနို့ဘူးလေးမနက်စောစောထရမှာကိုအသေအလဲပျင်းတဲ့oppaက
ကျွန်မအတွက်နေ့တိုင်းအပင်ပန်းခံအစောကြီးထပြီးထိုကဲ့သို့
surpriseလုပ်ပေးသည်တဲ့လားထိုအတွေးနဲ့တင်
အေးခဲနေတဲ့ဆောင်းနံနက်ခင်းကနွေးထွေးလာသလို
ပန်းကန်ပေါ်ကတူးနေတဲ့ပေါင်မုန့်က စားချင်စဖွယ်ဖြစ်လာ
သလိုပေါ့ရွှတ်နေတဲ့ကော်ဖီကလည်းသောက်ချင်စဖွယ်ဖြစ်လာ
သလိုအမြဲ မလှမပ ဖြတ်သန်းခဲ့ရတဲ့ မနက်ခင်းတိုင်းဟာ ထူးထူးခြားခြားလှပလာခဲ့သည်
ဒါဟာ သူ့အချစ်ကိုသွယ်ဝိုက်ဖော်ပြခြင်းများလား
အေးတိအေးစက်နိုင်တဲ့သူဟာ ဒီလိုကျတော့လည်း
romanticဆန်သား………………………
မနက်ခင်းတွေသာပျော်ဖို့ကောင်းလာခဲ့ပေမယ့်စာသင်နေရ
သည့်အတန်းချိန်တွေကတော့ ထုံးစံအတိုင်းပျင်းဖို့ကောင်းဆဲ
ပင်အရှေ့မှဆရာအားအဓိပ္ပါယ်မဲ့စွာငေးကြည့်ရင်းတွေးနေမိတာကတော့
'ငါဘာလို့များဒီမေဂျာကိုယူခဲ့မိပါလိမ့်'
အတန်းများပြီး၍အပြင်ရောက်ချိန်တွင်တော့ အဆောင်ရှေ့
တွင် စက်ဘီးတစ်စီးနဲ့ရပ်စောင့်နေသော သူကျွန်မကသာ အမြဲလိုလို သူ့အတန်းရှေ့တွင်သွားသွားစောင့်
ခဲ့ပေမယ့် ထိုကဲ့သို့ သူ ကျွန်မကိုလာစောင့်ခြင်းမှာပထမဆုံး
အကြိမ်ဖြစ်သည်အံ့လည်းအံ့သြ ပျော်လည်းပျော်သွားတာကြောင့် သူ့အား
အကြာကြီးငေးကြည့်နေမိသည် ပျော်လွန်းလို့ဘာပြောလို့
ပြောရမှန်းပင်မသိတော့စာသင်ခန်းတွင်းမှstressများအားလုံးချက်ချင်းပျောက်
သွားသလိုပင်

YOU ARE READING
My Winter Story
Fanfiction(Zawgyi+Unicode) နှင်းတွေကျနေတယ် ခရစ်စမတ်သစ်ပင်တွေမီးရောင်တလက်လက်နဲ့တောက်ပ နေကြတယ် စန်တာကလော့အရုပ်ကြီးတွေပြုံးပျော်နေကြတယ် ခရစ်စမတ်တေးသီချင်းသံတွေနေရာအနှံ့ပျံ့လွင့်နေတယ် နင်သိလား အခုအချိန်မှာ ငါအလိုချင်ဆုံး တစ်ခုတည်းသောခရစ်စမတ် လက်ဆောင်က နင် ဆိုတာ န...