(Zawgyi)
soeun's P.O.V,
အချိန်အားဖြင့် နံနက် 7နာရီ
'ကျွီ'
အိမ်တံခါးအားဖြည်းဖြည်းချင်းဖွင့်
ခေါင်းလေးမသိမသာထွက်
အရှေ့ အနောက် တောင် မြောက် directionအားလုံးကို
အသေအချာscanဖတ်လိုက်သည်မရှိ ဒင်းရဲ့အရိပ်အယောင်အားမတွေ့
ဟူး တော်ပါသေးရဲ့
သူနဲ့မတွေ့ရဲတာကြောင့်9နာရီမှစမယ့်ကျောင်းသို့7နာရီထဲ
ကကြိုထွက်ခဲ့ခြင်း'noonaကို ကျွန်တော်သဘောကျတယ်'
မျက်လုံးထဲပြေးပြေးမြင်လာသောသူ့မျက်နှာနှင့်
နားထဲခဏခဏကြားနေမိသောထိုစကားချက်ချင်းဆိုသလိုပါးတွေပူကျစ်တောက်လာကာ
ဘယ်သူ့မှရှိမနေဘဲတစ်ယောက်တည်းရှက်ကိုးရှက်ကိုးတွေ
ဖြစ်ကုန်သည်အခုတောင်ဒီလောက်ဖြစ်နေတာ သူနဲ့များတွေ့မိရင်မျက်နှာ
ဘယ်နားသွားထားရမှန်းသိမှာမဟုတ်ဘူးခြေလှမ်းလေးဖွဖွလှမ်း၍အသာအယာထွက်ကာတံခါးအား
အသံမမြည်အောင်ဖြည်းဖြည်းချင်းပိတ်လိုက်သည်ချမ်းလည်းမချမ်းဘဲဝတ်လာသောhoodieမှခေါင်းစွပ်အား
ခေါင်းသို့ဆွဲတင်၍အပြည့်ဖုံးဆောင်းလိုက်သည်
အကယ်၍များ သူနဲ့တွေ့ခဲ့သည်ရှိသော်မမှတ်မိနိုင်အောင်လို့မြန်မြန်ဆန်ဆန်နဲ့ခြေသံမထွက်အောင်ထိန်းလျှောက်
ရင်းကားမှတ်တိုင်ဆီဦးတည်လာခဲ့သည်တစ်လှမ်း
နှစ်လှမ်း
သုံးလှမ်း
"noona"
အနောက်မှဟိန်းခနဲထွက်ပေါ်လာသောခေါ်သံဟာကျွန်မ
ခြေလှမ်းကိုရောနှလုံးခုန်သံကိုပါတုန့်ခနဲရပ်သွားစေသည်ဒင်းကဘယ်လိုလုပ်ရောက်လာတာလဲ
ဘာကိစ္စအစောကြီးထွက်လာရတာလဲ
ငါ့ကိုရောဘယ်လိုလုပ်သိသွားတာလဲခေါင်းထဲပေါ်လာသောအတွေးပေါင်းစုံနဲ့အတူရင်ဘတ်
ကြီးတစ်ခုလုံးပူထူလာသည်မဖြစ်ဘူး မဖြစ်ဘူး သူနဲ့မျက်နှာချင်းဆိုင်လို့မဖြစ်ဘူး
ရှက်လွန်းလို့သေသွားလိမ့်မယ်

YOU ARE READING
My Winter Story
Fanfiction(Zawgyi+Unicode) နှင်းတွေကျနေတယ် ခရစ်စမတ်သစ်ပင်တွေမီးရောင်တလက်လက်နဲ့တောက်ပ နေကြတယ် စန်တာကလော့အရုပ်ကြီးတွေပြုံးပျော်နေကြတယ် ခရစ်စမတ်တေးသီချင်းသံတွေနေရာအနှံ့ပျံ့လွင့်နေတယ် နင်သိလား အခုအချိန်မှာ ငါအလိုချင်ဆုံး တစ်ခုတည်းသောခရစ်စမတ် လက်ဆောင်က နင် ဆိုတာ န...