သောက်စမ်းကွာ သောက်ပစ်စမ်း
သူ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့မင်းနှလုံးသားကိုအရက်နဲ့စိမ်ပစ်လိုက်စမ်း
ခေါင်ရိပ်ဆိုတဲ့မင်းကိုသူကမုန်းတယ်တဲ့လား နှလုံးသားတစ်ခုလုံးကွဲထွက်သွားအောင်သောက်ပစ်လိုက်
စားပွဲပေါ်တွင်ပုလင်းအလွတ်တွေတစ်လုံးပြီးတစ်လုံးတိုးလာခဲ့သည် လူလည်းခေါင်းမထောင်နိုင်တော့ သို့သော်သူ့စကားသံကိုပဲထပ်ခါတလဲလဲပြန်ကြားနေရသည်စားပွဲပေါ်တွင်ခေါင်းငိုက်စိုက်ချပြီး မျက်ဝန်းတွင်တော့နာကျင်မှုရဲ့မျက်ရည်တို့ကစီးကျလျက်" မုန်းတယ်လို့ထပ်မပြောပါနဲ့တော့ကွာ"
နှလုံးသားတစ်ခုလုံးကတော့ဆို့နင့်ကြေကွဲလျက် တဖြေးဖြေးနှင့်လူလည်းအမှောင်ကမ္ဘာထဲစုန်းစုန်းနစ်မြုပ်သွားပြီး တစ်လောကလုံးမှောင်အတိကျသွားတော့သည်။
××××××××××××××××××××××××××××××××××"အား ကျွတ် ကျွတ် ကျွတ်"
အသိစိတ်ဝင်လာသည်နဲ့ဦးခေါင်းတစ်ခုလုံးအလွန်အမင်းကိုက်ခဲနေသည်ကိုစတင်ခံစားလိုက်ရသည်။ ရုတ်တရက်မှတ်မိလိုက်သည်မှာညကထိုင်ခဲ့သည့်ဆိုင် ညကအရှိန်ကအခုထိမသေသေး ဦးခေါင်းထဲတွင်ရိုးတိတ်ရိပ်တိတ်ဖြစ်နေသေးသည်။ဒါဆိုသူအခုဆိုင်မှာပဲရှိနေသေးတာလား။ မဟုတ်သေးပါဘူး သူအခုအိပ်ရာတစ်ခုပေါ်ရောက်နေတာသေချာသည် ဒါမှမဟုတ်ဆိုင်မှာပဲအိပ်ပျော်သွားတာလား
ထိုစဉ်နှာခေါင်းထဲသို့အနံ့တစ်မျိုးတိုးဝင်လာသည် သူခေါင်းနပန်းကြီးသွားသည် ဒီအနံ့က ဟုတ်တယ်ဒီအနံ့က နိုင်နိုင်ဆွတ်နေကျရေမွှေးအနံ့ ဧကန္တသူ ပျော်ရွှင်မှုတစ်ပိုင်းတစ်စနှင့်ထူပူသွားကာ အသည်းအသန်အားယူပြီးထလိုက်သည် ပြီးတော့မျက်ဝန်းကိုအားယူပြီးဖွင့်ကြည့်လိုက်ရာ မှန်လိုက်လေ သူရောက်နေတာနိုင်နိုင့်အခန်း တစ်နည်းဆိုရသော် သူတို့မင်္ဂလာဦးအခန်းပင် ငွေ့ငွေ့ကျန်နေသောအရှိန်တွေပါချက်ခြင်း ကြက်ပျောက်ငှက်ပျောက်ပျောက်သွားသည်။
ဒါဆိုညကနိုင်နိုင်သူ့ကိုလာကြိုသွားတာပေါ့ ပြီးတော့သူ့အခန်းထဲမှာငါ့ကိုပေးအိပ်လိုက်တာပေါ့ ပြီးတော့သူ့ခန္ဓာကိုယ်ကိုသူပြန်ငုံ့ကြည့်လိုက်သည် ညအိပ်ဝတ်စုံလဲပေးထားတာပဲ စောင်ဖြင့်ကွယ်နေသောအောက်ပိုင်းကိုပါကမန်းကတန်းကြည့်လိုက်သည် aww ဘောင်းဘီတော့မလဲပေးထားဘူးပဲ 😣 သူဘေးနားကခေါင်းအုံးကိုကောက်ယူပြီးဖတ်လိုက်ကာခန္ဓာကိုယ်တစ်ခုလုံးလှုပ်ခါနေအောင် အသံတိတ်ရယ်မိလိုက်သည် ဟုတ်တာပေါ့ သူ့အတွက်တော့ဒါကပျော်စရာပဲလေ ပြီးတော့လဲထားတဲ့ညဝတ်အင်္ကျီကသူ့ဟာမှမဟုတ်ပဲ ထိုစဉ်ရေချိုးခန်းတံခါးဖွင့်သံကြားလိုက်၍သူချက်ခြင်းလှဲချလိုက်သည် ကုတင်ဘက်ခြေလှမ်းလာသံကိုတော့နားစွင့်နေလိုက်သည်။
××××××××××××××××××××××××××××××××
![](https://img.wattpad.com/cover/129982118-288-k334638.jpg)
YOU ARE READING
ရာနှုန်းပြည့်ချစ်ခြင်းတရားတို့ဆီ
Romance❤❤❤❤❤❤❤❤❤❤❤❤❤ ရာနှုန်းပြည့်ချစ်ခြင်းတရားဖြစ်ပေါ်ဖို့အတွက် နှလုံးသားတစ်စုံရဲ့ ရင်ခုန်သံတွေ ထပ်တူညီဖို့ လိုအပ်ပါသလား ????