အပိုင်း ၉

6.7K 589 8
                                    

အဝေးပြေးလမ်းမထက်မှာ အရှိန်နဲ့ပြေးနေတဲ့ကားလေးတစ်စီး
ထိုကားလေးပေါ်မှ မတူညီတဲ့အတွေးကိုယ်စီနဲ့ လူနှစ်ဦး......
စကားတွေဆိတ်သုန်းလို့တိတ်ဆိတ်မှုကကြီးစိုးနေ၍ ကားထဲက လေထုကပင် ဖွင့်ထားတဲ့ AC ထက် အေးစက်နေသယောင်........

ခေါင်ရိပ်ဘေးကိုလှည့်ကြည့်လိုက်တော့ နားထဲနားကြပ်ထိုးထည့်ကာ ခေါင်းလေးစောင်းပြီး အပြင်ကိုပဲ မျက်တောင်မခတ်တမ်းငေးကြည့်နေတဲ့နိုင်နိုင့်ကြောင့် သက်ပြင်းတစ်ခုသာချမိသည်။
ကားစထွက်လာကတည်းကဒီအတိုင်းလိုက်လာတာ အခုပဲ နေ့တစ်ဝက်ကျိုးလို့ ခရီးတစ်ထောက်နားမဲ့ 115 မိုင်ပင်ရောက်တော့မည်။ စကားလဲ တစ်ခွန်းမှမပြောသလို တစ်ချက်လေးမှလဲ လှည့်မကြည့်လာ။ မနေနိုင်တဲ့အဆုံး လက်တစ်ဖက်လှမ်းကာ သူ့နားထဲက နားကြပ်လေးတစ်ဖက်ကို ဆွဲဖြုတ်လိုက်တော့ ကျွန်တော့်ကို မျက်နှာသေနဲ့ လှည့်ကြည့်လာသည်။

"သီချင်းနားထောင်မယ်ဆိုလဲ နှစ်ယောက်လုံးကြားရအောင်ဖွင့်လေဗျာ ဒီမှာပျင်းလွန်းလို့ အိပ်ပျော်တော့မယ်"

သီချင်းဖွင့်ဖို့ပြောကာမှ သူ့phဆီက battery down လို့အချက်ပေးသံလေးမြည်လာတော့သည်

"ငါ့ ph က power down နေပီ
ဖွင့်မယ်ဆိုလဲ မင်းphနဲ့ပဲ ဖွင့်လိုက်တော့"

"တော်ပါပြီ Radioပဲဖွင့်လိုက်တော့မယ်
ကျွန်တော့် ph က နောက်ကိုပို့လိုက်တဲ့အထုပ်တွေထဲ ရောပါသွားလို့ ရှာရအုံးမှာ................"

ပြောပီး Radio ဖွင့်လိုက်တော့လဲ သီချင်းသံထွက်မလာပဲ Cele တွေနဲ့ interview အစီအစဉ်ကြီးသာထွက်လာသည်မို့ စိတ်ညစ်ညစ်နဲ့ပဲ ပြန်ပိတ်လိုက်တော့သည်။

"ထမင်းစားခဏနားပြီးရင် ငါတစ်လှည့် မောင်းပေးမယ် "

"ရပါတယ်ဗျာ....
နိုင်နိုင်ဒီလိုအငေးကောင်းပုံမျိုးနဲ့ အမေတို့ဆီမရောက်ခင် ၂ယောက်လုံး ဂျွမ်းပစ်ကုန်လိမ့်မယ်...."

"ငေးနေတာမဟုတ်ပါဘူး သီချင်းနားထောင်နေလို့ပါ....."

ထိုမျှပြောပြီး နားကြပ်ဖြုတ်ကာ မတ်မတ်လေး ပြန်ထိုင်ရှာသည် ပြီးတော့ ရှေ့တည့်တည့်ကိုပဲကြည့်ကာ မူမပျက်ငေးနေပြန်သည်။

ရာနှုန်းပြည့်ချစ်ခြင်းတရားတို့ဆီHikayelerin yaşadığı yer. Şimdi keşfedin