(Unicode)
ငါတို့ကို ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို ငါ အရမ်းကျေးဇူးတင်မိတယ်၊ ငါ့ဘဝမှာ အရေးအပါဆုံး လူသားတစ်ယောက် အင်း ဝိညာဉ်မလေး ဆိုလည်း မမှားပါဘူး။ ငါ မင်းကို အရမ်းချစ်တယ် my girl မင်းအတွက်ဆို အရာရာ စွန့်လွှတ်ဖို့ကို ငါ ဝန်မလေးဘူး ငါ့ရဲ့ အသက်ဆိုရင်တောင်ပေါ့.................
💭Kim Taeyeon💭
နင့်ကိုကျေးဇူးတွေဆပ်ရမှာ များနေပြီ အရမ်းကျေးဇူးတင်ပါတယ် တစ်နေ့ ငါ နင့်ကိုအတိုးနဲ့ပြန်ဆပ်မှာပါ ပြီးတော့ ငါ နင့်ကိုချစ်တယ် ငါတို့နှစ်ယောက် ပေါင်းစပ်ဖို့ မဖြစ်နိုင်ဘူး ဆိုရင်တောင်မှ ငါ့ရဲ့ နှလုံးသားတံခါးက နင်ဆိုတဲ့ ကောင်မလေးကလွဲလို့ ဘယ်သူ့ကိုမှ ပေးဝင်မှာမဟုတ်ဘူး နင်ကသာ ငါ့နှလုံးသားတံခါးကိုဖွင့်ဖို့ သော့တစ်ချောင်းပါ......................
💭Hwang Miyoung➳Tiffany💭
ငါ နင့်ရဲ့ မိဘတွေအမှုကိုပြန်ဖော်ထုတ်နိုင်အောင် ကြိုးစားနေပါတယ် ပြီးတော့ နင်တို့ ရဲ့ မတရားတဲ့ အမှုကိုလည်း ပြန်စုံစမ်းပေးမှာပါ ငါ 'မကောင်းမုှ ဟူသည် စိတ်ကွယ်ရာ၌မရှိ'ဆိုတဲ့ ဆောင်ပုဒ်ကို ငါ ယုံကြည်ခဲ့တယ် ဒါပေမယ့် နင်နဲ့တွေ့မှ ငါ အမှန်ထင်ထားခဲ့တဲ့ အရာတွေက မှားနေမှန်းသိခဲ့တယ် လောကမှာ ငွေဆိုတဲ့အရာနဲ့ လုပ်ပိုင်ခွင့်ဆိုတဲ့ ရာထူးကသာ အရာရာကို လွှမ်းမိုးနိုင်တာပါ၊ ငါ အဲ့ဒီအရာတွေကို တစ်ခုချင်း တစ်ခုချင်း ပြိုလဲသွားအောင်တိုက်ခိုက်ပြီး နင့်အတွက် အကူအညီ ကောင်းကောင်း ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစားမှာပါ I Love you so much............
💭Im Yoona💭
နင်ကသာ ငါ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အချစ်ပါ ငါ့ရဲ့မိဘတွေ မရှိတော့တဲ့နောက်ပိုင်းမှာ ငါ့မှာ အချစ်ဆိုတဲ့ အရာက အဆုံးသတ်သွားခဲ့တယ် ဒါပေမယ့် နင်နဲ့တွေ့မှ အေးစက်နေတဲ့ ငါ့ရဲ့ နှလုံးသားက ပြန်ပြီးနွေးထွေး လာခဲ့တယ် ကျေးဇူးပါ ငါ့ကို ချစ်တတ်အောင်သင်ပေးလို့ ........................
💭Jung Sooyeon➳Jessica💭
ငါမှာလည်းမင်းကိုတိတ်တခိုးချစ်နေရတာ အရမ်းပင်ပန်းမိတယ် နင့်ဘေးနားက နင်တွဲခဲ့တဲ့သူတွေကို ငါ ရန်သူတစ်ယောက်လို သဘောထားခဲ့တယ် နင့်ကိုလည်း ကိုယ့်ကိုယ်ကိုထက်ပိုပြီး တန်ဖိုးထားတယ် ဂရုစိုက်တယ် နင့်နဲ့ ပက်သက်သမျှဆို အသေးအမွှားလေးတွေက အစ စိုးရိမ်ပူပန်တယ် အဲ့တာဘာလို့လည်းဆိုတော့ နင့်ကို ငါ့ထက်ပိုပြီးချစ်လို့ပဲ၊ But ငါ့ဘက်ကအချစ်တွေပုံအောပြီးပေးသလောက် နင့်ဆီကတော့ နည်းနည်းလေးမှ ငါ ပြန်မရခဲ့ဘူးပဲ၊ တန်ပြန်သက်ရောက်မုှလေးတော့ရှိသင့်ပါတယ်ဟာ😔 ....................
YOU ARE READING
Soul (Z+U) ☑
Fanfiction(Unicode) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဥာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... (Zawgyi) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... My 1st TaeNy Myanmar Fanfiction Started Date [Dec - 9 - 2017] Completed Date [Jun...