(Unicode)
At Morning,
တစ်ခေါင်းလုံး ကိုက်ခဲမုှနဲ့အတူ Seohyun တစ်ယောက် နိုးလာလေသည် သူမ အညောင်းဆန့်တော့ တစ်စုံတစ်ခုကို ထိမိသလိုဖြစ်တော့ မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမနဲ့မရင်းနှီးတဲ့အခန်း သူမလည်း လန့်သွားပြီး ခုန ထိမိတဲ့အရာက လူမဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး ကြည့်မိတော့ သူမ ဆုတောင်းမပြည့် သို့သော် ထိုသူကား သူမ၏နှလုံးသားတစ်စုံကို နာကျင်ရက်နဲ့ ပေးထားမိတဲ့သူ သူမလည်း ထိုသူအား တစိမ့်စိမ့်ကြည့်နေရင်း ပုလဲလုံးလေးများက နို့နှစ်ရောင် ပါးမို့မို့လေးကို ဖြတ်ကာ ကုတင်ပေါ်သို့ ကြွေဆင်းကုန်လေသည်
Seohyun➡ငါ မနက်ခင်းနိုးထချိန်တွေထဲမှာ ဒီနေ့က အချိုမြိန်ဆုံးနဲ့ ရင်ခုန်စရာ အကောင်းဆုံး မနက်ခင်းပဲ နင့်ကို ငါ မုန်းတယ်လို့ ပြောမိရင် အဲ့တာ အလိမ်အညာပဲ ငါလေ နင့်ကို မြူမှုန်လေးကို ၉ စိတ်ခွဲထားတဲ့ အပိုင်းလေးထဲက တစ်ပိုင်းလောက်တောင် မမုန်းဖူးဘူး အချစ်ဆိုတာ သတ်မှတ်ချက် မရှိဘူးလေ ဟုတ်တယ်ဟုတ် တစ်ဖက်သတ်အချစ်လည်း အချစ်ရဲ့ အဘိဓါန်ထဲမှာပါမှာပါ ငါလည်း နင့်ကို တစ်ဖက်သတ်ချစ်နေရရုံနဲ့ကျေနပ်တယ် မနေ့ကတော့ ငါ ကိုယ်တိုင်တောင် မနမ်းရက်ပဲ ဂရုတစိုက်ထားတဲ့ နင့်ပါးကို အခြားတစ်ယောက်က ပြင်းပြင်းထန်ထန်ရိုက်နေတာ မြင်တော့ ငါ နှလုံးသားလေး အက်ကွဲကုန်တယ်။ ပြီးတော့ နင်ပြောလိုက်တဲ့ စကားတွေကြောင့် ငါ နှလုံးသားက ပိုကွဲကြေကုန်တာပေါ့။ ရပါတယ် ငါ နင့်ကိုချစ်ကတည်းက နင်မသတ်ခင် သေပေးဖို့ အဆင်သင့်ပဲ ချစ်တယ် Kim Hyoyeon အဲ့တာ 24 နာရီမှာ တစ်စက္ကန့်မှမလွတ်အောင် နင့်ကို ပြောချင်တဲ့ စကားပဲ
Seohyun Hyoyeon နှဖူးလေးကို နမ်းလိုက်ပြီး အခန်းအပြင်ထွက်လာခဲ့လေသည် တဆက်တည်း အိမ်တံခါးမကြီး ပိတ်သံကြားတော့မှ အိပ်ချင်ယောင်ဆောင်နေတဲ့ ကောင်မလေး ခုတင်ပေါ် ထထိုင်လေသည် သူမရဲ့ မျက်နှာမှာလည်း ပုလဲလုံးလေးများ တွဲခိုနေလေသည် တကယ်တော့ သူမ Seohyun မနိုးခင်ကတည်းက နိုးနေတာရယ်မဟုတ်ပါဘူး အိပ်ကိုမအိပ်ရသေးခြင်းပင် သူမ မနေ့ညက တစ်ယောက်တည်းငိုလိုက် အိပ်နေတဲ့ကောင်မလေးကို တစိမ့်စိမ့်ကြည့်လိုက်လုပ်နေခြင်းပင်
YOU ARE READING
Soul (Z+U) ☑
Fanfiction(Unicode) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဥာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... (Zawgyi) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... My 1st TaeNy Myanmar Fanfiction Started Date [Dec - 9 - 2017] Completed Date [Jun...