Episode-18

797 72 4
                                    

(Unicode)

GP➡ကဲ ဒီလောက်ဆို နားလည်ကြပြီလား သမီးတို့ အဲ့ အိမ်မက်ထိန်းချုပ်နည်းလုပ်ပြီးလို့ အောင်မြင်သွားရင် သမီးက သမီး စကားပြောချင်တဲ့ ဘယ်သူ့ကို မဆို စကားပြောလို့ ရသွားပြီသမီး၊ သူတို့က မြင်တော့ မမြင်ရဘူးပေါ့သမီးရယ်၊ သမီး အသံတော့ သူတို့ ကြားလိမ့်မယ်

Taeyeon➡Nae အဘိုး ကျေးဇူးတင်ပါတယ် 😊

GP➡မလိုပါဘူးကွယ် အဘိုးက Jiwoong ကို မြေးလေးလိုသဘောထားတာဆိုတော့ သမီးတို့ကလည်း အဘိုး မြေးမလေးတွေပဲဟုတ်တယ်မလား နောက်ဆို အကူအညီလိုရင် အဘိုးဆီ လာခဲ့နော်

Jiwoong➡ဟုတ်တယ် Taengoo ya Oppa ကလည်း အလုပ်တွေရှိတော့ ငါ့ညီမနား အချိန်မရွေးကပ်မရဘူးလေ အဲ့တော့ တကယ်လို့ Oppa မရှိရင်လည်း အဘိုးဆီလာမေးသိလား

Taeyeon➡Nae Oppa Gomarwaw အဘိုးကိုလည်း တကယ်ကျေးဇူးတင်ပါတယ်

Jiwoong➡အဲ့ဆို သားတို့ သွားတော့မယ်နော်အဘိုး

GP➡ အော်ပြီးတော့ သမီးတို့ ဒီ အင်ချွန်း ရေစပ်အကျော်က တောအုပ်ထဲကိုတော့ မသွားမိစေနဲ့နော် အဲ့ထဲမှာ မကောင်းတဲ့ မှော်ဝိဇ္ဇာတွေနဲ့ သက်တမ်းရင့်နေတဲ့ မကောင်းဆိုးဝါးတွေ အများကြီးရှိတယ် သူတို့ကို သာမာန်နတ်တွေတောင်မနိုင်လို့လွှတ်ထားကြတာ စွမ်းအင်စုပ်ယူဖို့အတွက် လူသတ်ဖို့တောင် ဝန်မလေးတဲ့ မိစ္ဆာတွေပဲ

Jiwoong➡သား အဲ့တာကိုသိချင်နေတာကြာပြီအဘိုး သူတို့ကို စွမ်းအားမြင့်တဲ့နတ်မင်းတွေက ဘာလို့ လာပြီး အပြီးတိုင် မဖယ်ရှားကြတာလည်း အဘိုး...

Tiffany Taeyeon Oppa နဲ့ အဘိုးပြောတာကို ဂရုတစိုက်နားထောင်နေသော်လည်း Taeyeon ကတော့ Tiffany ကို ကြည့်လိုက် Oppa တို့ အဘိုးတို့ကိုကြည့်လိုက်နဲ့ ဂနာမငြိမ်ဖြစ်နေလေသည်။

GP➡အော် ငါ့သားရယ် သူတို့အစွမ်းနဲ့ဆို ဒီ မိစ္ဆာတွေ နတ်ဆိုးတွေကို အပြီးတိုင် ဖယ်ရှားလို့ရပေမယ့် လောကရဲ့ ဖြစ်စဉ်မှာကိုက အကောင်းနဲ့ အဆိုးဆိုတာ ဒွန်တွဲပြီးရှိနေတာလေ အဲ့တော့ လောကနိယာမ ကိုပြောင်းလဲမနေတော့ပဲနဲ့ သူ့ စီမံရာအတိုင်း နတ်ကောင်း နတ်ဆိုးတွေ သွားနိုင်အောင် လွှတ်ထားတဲ့သဘောပါ

Soul (Z+U) ☑ Where stories live. Discover now