Episode-20

756 69 10
                                    

(Unicode)

တီးတောင်.....တီးတောင်

Yoona➡အော် Seohyun မုန့်ဝယ်ခဲ့လား

Seohyun➡အမလေး Yoon ရယ် သူငယ်ချင်းအရင်မမေးဘူး မုန့်အရင်မေးတယ်😒

Yoona➡ဟာ.. ငါနင့်နာမည် အရင်ခေါ်ပြီးမှ မုန့်အကြောင်းမေးတာလေဟာ 😒 ပေး ဗိုက်ဆာနေပြီဟ အလိုက်ကန်းဆိုးကိုမသိဘူး

Seohyun➡အမ၄၄၄ ဝယ်ပေးရတဲ့သူကို အားမနာဘူးဟယ် 😑

Yoona➡နားငြီးလိုက်တာအေ 😒

Seohyun ပြောမနိုင်တဲ့သူ့သူငယ်ချင်းလေးကို ဘာမှဆက်မပြောတော့ပဲ သူမုန့်စားတာသာ ထိုင်ကြည့်နေတော့သည်။

Seohyun➡ဒါနဲ့ နင် ဘာတွေဖြစ်နေတာလည်း ပြောပါအုံး

Yoona➡ဂြဲ 😭😭 ငါလွမ်းနေတာဟ

Yoona မထွက်တဲ့မျက်ရည်ကို အတင်းညှစ်ထုတ်ပြီး ပီဇာတစ်ကိုက်ကကိုက်လိုက်သေးသည်။

Seohyun➡ဘယ်လို လွမ်းနေတာ ဟလား 😂😂 ခွီး Im Yoona ရယ် သူများတွေက လွမ်းရင် ထမင်းမေ့ ဟင်းမေ့လွမ်းတာ နင့်မှပဲ ထမင်းမလွတ် ဟင်းမမေ့ လွမ်းရတယ်လို့

Yoona➡😭 ဘာဖြစ်လဲဟာ ပြီးတော့ ငါအခု စားချင်လို့များမထင်နဲ့ သူ့ကို လွမ်းရင်း အားပြတ်သွားမှာစိုးလို့ဟဲ့ 😞😒

Seohyun➡😂😂 အမလေး အလံဖြူပြပါတယ် မယ်Yoona ရေ ဒါတွေထားပါအုံး နင်ဘယ်သူ့ကိုလွမ်းနေတာလည်း

Yoona➡😭 ဘယ်သူရှိရမှာလည်း ငါရဲ့ ချစ်စရာအကောင်းဆုံး စားပြီးနားမလည်ကြီးကိုပေါ့

Seohyun➡အော် နင့် ဆီက မုန့်ယူစားသွားတဲ့သူကိုလား ဘာလည်း သူက ပြန်ဝယ်လာပေးမယ်ဆိုပြီး ခုထိရောက်မလာတော့လို့ နင်ထိုင်စောင့်ရင်း လွမ်းနေတာလား 😮

Yoona➡နင်ဟာလေ နှစ်တစ်ထောင်ပိန်းဥပဲဟ နင် ဦးနှောက်ရောရှိသေးရဲ့လား ငတုံးရဲ့ 😒 Feel တောင်ပျက်တယ်ဟယ် နင့်လို Innocent ယောင်ယောင် ဘာယောင်ယောင်တွေနဲ့ စကားပြောရတာ ကီးမကိုက်ဘူးဟာ 😕

Soul (Z+U) ☑ Where stories live. Discover now