(Unicode)
Seohyun➡အား ပျင်းလိုက်တာဟာ ဒါမှန်းမသိ Sooyoung ကို လိုက်ပို့ခိုင်းပါတယ် 😖😖
Seohyun တစ်ယောက် လိုက်ပို့မယ့်သူက လိုက်ပို့မယ်ပြောတာကို ငြင်းခဲ့ပြီး ခုမှ လမ်းလျှောက်လာရသည်ကို ငြီးငြူနေလေသည်။ထိုစဉ် သူမ လမ်းကြားတစ်ခုထဲ ချိုးဝင်လိုက်သည်နှင့်တပြိုင်နက် လမ်းကြားထဲက ပြေးထွက်လာတဲ့ သူတစ်ယောက်နှင့် ဝင်တိုက်မိလေသည်။
ဘုတ်.... အင့်
Someone➡ဘာ..ဘာဖြစ်သွားသေးလည်း
Seohyun➡အ..အဆင်ပြေပါတယ်
Men➡ဟာ ဟိုမှာဟေ့ တွေ့ပြီ လိုက်.....
SO➡Ehh သေပြီဟ 😖😖
SO ပြောရင်း Seohyun လက်ကိုဆွဲကာ ထွက်ပြေးလာလေသည်။
Seohyun➡ရှင်..ရှင်ဘာလုပ်တာလည်း ကျွန်မလက်ကို လွှတ်ပါ....
SO➡ငါ အခုအချိန် မင်းလက်ကို လွှတ်လိုက်ရင် မင်း အရွယ်မတိုင်ခင် နတ်ပြည်ရောက်သွားလိမ့်မယ် ပါးစပ်ပိတ်ပြီး ငါနဲ့လိုက်ခဲ့ ငါ့ကိုသာယုံ....ပြီးရင် အကုန်ရှင်းပြမယ်...
Seohyun လည်း ဘာမှဆက်မပြောတော့ပဲ သူလက်ကို ဆွဲထားတဲ့ ထိုကောင်မလေးပြေးနေရာနောက်ပဲ လိုက်ပြေးတော့လေသည်။တစ်နေရာ ရောက်တော့ သူတို့နှစ်ယောက် အိမ်တစ်အိမ်ထဲ အမြန် ဝင်လိုက်ကြသည်။နောက်ကလိုက်လာတဲ့သူတွေကတော့ သူ့တို့ဝင်ပုန်းတဲ့ အိမ်ကိုကျော်ပြီး ဆက်ပြေးသွားကြလေသည်။
SO➡ဟူး မင်း..မင်း..ကိုတောင်းပန်ပါတယ်..ဟော.ဟဲ
Seohyun➡ဘာ..ကိစ္စ.ဟူးး ဟား
SO➡အိမ်..ထဲ ဝင်ပြီး ခဏ အမောဖြေသွားပါအုံးလား..
Seohyun➡ကျေးဇူးပါ ကျွန်မ အခု ရေတစ်ခွက်လောက်လိုအပ်နေတယ်
SO➡အိမ်ထဲဝင်ပါ ဒါ ကျွန်မအိမ်ပါ
Seohyun➡N..Nae ကျေးဇူးပါ
အိမ်ထဲလည်းရောက်ရော Seo ဆိုဖာပေါ်ထိုင်လိုက်ပြီး SO ကတော့ ရေဘူးသွားယူလေသည်။ပြီးတော့ ရေဘူးကို Seo ရှေ့ချပေးလိုက်ပြီး Mask နဲ့ ဦးထုပ်ချွတ်လိုက်လေသည်။Seohyun ထိုကောင်မလေး အလှကို မျက်တောင် မခတ် ကြည့်နေမိလေသည်။သူမ မညာပါ အခု သူမ မြင်နေရတဲ့ သူက ချွေးတွေရွှဲနေတာတောင် အရမ်းကို ကြည့်ကောင်းနေလေသည်။
YOU ARE READING
Soul (Z+U) ☑
Fanfiction(Unicode) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဥာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... (Zawgyi) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... My 1st TaeNy Myanmar Fanfiction Started Date [Dec - 9 - 2017] Completed Date [Jun...