(Unicode)
အချိန်တွေဟာ တစ်ရွေ့ရွေ့ကုန်ဆုံးသွားတာ ဒီနေ့ဟာဆိုရင်ဖြင့် သမ္မတသစ်ရွေးကောက်ပွဲ လုပ်မည့်နေ့ပင်။ သို့သော် TY2S3 အဖွဲ့အတွက်ကတော့ သက်သေတွေ မရှိတော့သဖြင့် Condo ထဲမှာပဲ နေကာ အနာဂတ်မရှိတော့တဲ့ သူတွေလို ငေးမှိုင်နေကြတယ် အခုလည်း Sooyoung တစ်ယောက်သာ အပြင်သွားနေသော်လည်း Sunny Yoonsic Yulkry Taeny တို့ကတော့ TV ရှေ့မှာ သမ္မတသစ် လွှဲပြောင်းခြင်းအခမ်းအနား live ပြနေတာကို ထိုင်ကြည့်နေကြတယ် သူတို့ကတော့ မကြည့်ချင်သော်လည်း Sooyoung က ဆက်ဆက်ဖွင့်ကြည့်ပါ ပြောသဖြင့် စိတ်ပျက်သော်လည်း ဘာများ ပါသလဲဆိုတာ စိတ်ဝင်စားသဖြင့် ထိုင်ကြည့်နေခြင်းပင် ဒါနဲ့ Seojuhyun သူမရော ဘယ်ရောက်နေတာပါလိမ့် Ohh ဟုတ်သားပဲ သူမ အရင် တစ်ပတ်က Car accident ဖြစ်၍ ဆေးရုံရောက်နေသည်ပင် အခုအဖြစ်အပျက်တွေက သူ့ကြောင့် ဖြစ်သွားရတာဆိုပြီး နေ့တိုင်းနီးပါး အရက်တွေသောက်ကာ သူ့သူငယ်ချင်းတွေကို ငိုယိုတောင်းပန်တယ် ကျန်တဲ့သူတွေကတော့ သူ့အမှား မဟုတ်ပါဘူးဟု အတန်တန်ပြောသော်ငြားလည်း သူမက လက်မခံပေ အဲ့သလို မူးရူးနေအောင် သောက်လို့လည်း ခုတော့ ပက်တီးအဖွေးသားနဲ့ ဆေးရုံရောက်နေလေသည်
* Baby Don't Say No……… *
Seohyun Caller Name ကို တစ်ချက်ကြည့်လိုက်ပြီး
Seohyun ➡ Ohhh Sooyoung ah
Sooyoung ➡သက်သာလား Hyunnie
Seohyun ➡ အင်း သက်သာပါတယ် နင်ရောနေကောင်းလား အော် ကျန်တဲ့သူတွေရော နေကောင်းကြရဲ့လား
Sooyoung ➡ Inn နေကောင်းကြပါတယ် ငါ အပါအဝင်ပေါ့ အခုတော့ နင် TV ဖွင့်ကြည့်သင့်တယ် Hyunnie
Seohyun ➡ Awwn Wae? ဘာလာမှာမလို့လဲ
Sooyoung ➡သမ္မတလွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားလေ
Seohyun မျက်နှာတစ်ချက်မဲ့သွားကာ Sooyoung သူ့ဆီကို တစ်ခါမှ လူနာလာမမေးဘူးတာ သတိထားမိသွားပြီး
Seohyun ➡ နင်ကလည်း ငါ့ အခန်းထဲမှာ TV မှ မရှိတာ
Sooyoung ➡အပိုလုပ်မနေနဲ့ နင့် VVIP ခန်းကြီးမှာ TV ကြီးက ပြူးနေတာပဲ နင် သတိမေ့နေတုန်းက ငါ တစ်ခေါက်လာတုန်းက မြင်တယ် ကဲပါ ဖွင့်သာကြည့်လိုက်ပါ

YOU ARE READING
Soul (Z+U) ☑
Hayran Kurgu(Unicode) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဥာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... (Zawgyi) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... My 1st TaeNy Myanmar Fanfiction Started Date [Dec - 9 - 2017] Completed Date [Jun...