(Unicode)
Yoonsic နှစ်ယောက် Yoona ရုံးခန်းထဲ ရောက်နေကြပြီး Yoon က သူ့ စားပွဲပေါ်မှာ ကွန်ပြူတာများနဲ့ အလုပ်ရှုပ်နေလေတယ်။Jessica လည်း ပျင်းတာနဲ့ Yoona နားရပ်ကာ သူ ဘာတွေ အသည်းအသန် လုပ်နေတာလည်းဆိုတာ ကြည့်မိတော့ သူမအစောက ပြောပြထားတဲ့ လွန်ခဲ့သော နှစ်ကာလများက သူမတို့ နေခဲ့ရတဲ့ မိဘမဲ့ အကြောင်းများက Screen ပေါ်မှာပေါ်နေလေသည်။Yoon ကို သူမ ကားပေါ်တုန်းက သူမ အကြောင်းတွေ အလုံးစုံ ပြောပြခဲ့ပြီး Yoon ကလည်း သူမတို့ တွေ့ချင်နေတဲ့ TY2S3 အဖွဲ့က ဖြစ်နေကြောင်းကို ပြန်ပြောပြခဲ့လေသည်။ခု Yoon လည်း ထို အကြောင်းတွေကို သိပြီး ပြန်ဖော်ထုတ်နိုင်ဖို့ ရာခိုင်နှုန်းမှာ မသေချာသော်လည်း Jessica အတွက် အားတင်းရင်း သူမ လက်လှမ်းမှီသမျှတွေကို စုံစမ်းနေခြင်းပင်။Yoona Jessica ကို ကြည့်မိတော့ အားနာနေတဲ့ မျက်ဝန်းတွေ အနည်းငယ်ကို ရိပ်မိတော့ sica နှုတ်ခမ်းကို တစ်ချက် လှမ်းနမ်းရင်း မျက်ဝန်းတည့်တည့် စိုက်ကြည့်ကာ.........
Yoona ➡ Yoon Sicaရဲ့ မိဘတွေအမှုကိုပြန်ဖော်ထုတ်နိုင်အောင် ကြိုးစားနေပါတယ် Sica ပြီးတော့ Sica တို့ရဲ့ မတရားတဲ့ အမှုကိုလည်း ပြန်စုံစမ်းပေးမှာပါ။ Yoon အစက 'မကောင်းမုှ ဟူသည် စိတ်ကွယ်ရာ၌မရှိ'ဆိုတဲ့ ဆောင်ပုဒ်ကို ယုံကြည်ခဲ့တယ် ဒါပေမယ့် Sica နဲ့တွေ့မှ Yoon အမှန်ထင်ထားခဲ့တဲ့ အရာတွေက မှားနေမှန်းသိခဲ့တယ် လောကမှာ ငွေဆိုတဲ့အရာနဲ့ လုပ်ပိုင်ခွင့်ဆိုတဲ့ ရာထူးကသာ အရာရာကို လွှမ်းမိုးနိုင်တာပါ Yoon အဲ့ဒီအရာတွေကို တစ်ခုချင်း တစ်ခုချင်း ရအောင်လုပ်ပြီး Sica အတွက် အကူအညီ ကောင်းကောင်း ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစားမှာပါ I Love you so much Sica............ အဲ့တာကြောင့် Yoon အပေါ် အားနာစိတ်လေး နည်းနည်းတောင် မဝင်ပါနဲ့
Yoona ရဲ့ ရိုးရှင်းတဲ့စကားလုံးလေးတွေပြောလိုက်ပြီးတဲ့ အဆုံးမှာတော့ Jessica တစ်ယောက် မျက်ရည်များ စီးကျလာကာ
Jessica ➡ Yoon ကသာ Sica ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အချစ်ပါ Sica ရဲ့မိဘတွေ မရှိတော့တဲ့နောက်ပိုင်းမှာ Sica မှာ အချစ်ဆိုတဲ့ အရာက Kry လေးအပေါ်ကလွဲလို့ အဆုံးသတ်သွားခဲ့တယ် ဒါပေမယ့် Yoon နဲ့တွေ့မှ အေးစက်နေတဲ့ Sica ရဲ့ နှလုံးသားက ပြန်ပြီးနွေးထွေး လာခဲ့တယ် ကျေးဇူးပါ Yoongie ah Sica ကို ချစ်တတ်အောင်သင်ပေးလို့ ........................
YOU ARE READING
Soul (Z+U) ☑
Fanfic(Unicode) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဥာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... (Zawgyi) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... My 1st TaeNy Myanmar Fanfiction Started Date [Dec - 9 - 2017] Completed Date [Jun...