(Unicode)
2 year Later.........
အခုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတအသစ်အဖြစ် ဝန်ကြီးချုပ် တဖြစ်လဲ Choi Sooyoung ရဲ့ အဖေ Choi Inhyuk ကို ခန့်အပ်လိုက်တယ် ဒုတိယ သမ္မတကတော့ Lee Soonkyu ရဲ့ အဖေဖြစ်သူ ဒုဝန်ကြီး Lee Jaesung ဖြစ်တယ် ခမည်းခမက် နှစ်ယောက်ကလဲ သူတို့ သမီးနှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ကောင်းချီးပေးခဲ့ကြတယ်
TY2S3 အဖွဲ့ကတော့ တော်တော် ပြောင်းလဲသွားကြတယ် အင်း သူတို့ အုပ်စုလိုက် Los Angeles ရဲ့ ကျယ်ပြန်လှတဲ့ ခြံဝန်းကြီးတစ်ဝန်းမှာ အကုန်စုနေကြတယ် Taeny တို့ ၂ ယောက်မပါပဲနဲ့ပေါ့ သူတို့ရဲ့ စုဆောင်းထားခဲ့တဲ့ ပိုက်ဆံတွေကလည်း တစ်သက်စာ စားမကုန်တော့ သူတို့ရဲ့ အလုပ်တွေကို အကုန် ရပ်နားလိုက်ပြီး T2Y & JKH 3S ဆိုတဲ့ မျိုးစုံသော ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကြီးကို ဖွင့်ထားတယ်
ဆိုင်ခွဲတွေကလည်း အများအပြားရှိတယ် အဲ့ အထဲမှာ ပင်ရင်းကုမ္ပဏီနီးပါး အောင်မြင်နေတဲ့ ဆိုင်ခွဲအချို့က ပဲရစ်မှာ Taeny ဆိုတဲ့ Cafe နဲ့ လန်ဒန်မှာ Yoonsic ဆိုတဲ့ Fashion ဆိုင် ပြီးတော့ ဟောင်ကောင်မှာ SooSun ဆိုတဲ့ Mall ကြီးနဲ့ ဂျပန်မှာ Hyohyun ဆိုတဲ့ Beauty salon နဲ့ တောင်ကိုရီးယားမှာတော့ yulkry Entertainment စသဖြင့် အသီးအသီးပင် ဒါတင်မကသေး မီယန်မာမှာဆို Soshi-House နဲ့ WOS ဆိုသော နာမည်ကြီး ဆိုင်ခွဲများလည်းရှိသေးသည် သူတို့ ၈ ယောက်ကတော့ တစ်နှစ်အတွင်း စီမံသင့်တာ စီမံပြီးတော့ အခုဆို အိမ်မှာနေပြီး ငွေလာပေးတာ သိမ်းရုံလောက်ပဲ လုပ်ရတော့လေသည်
Sooyoung နဲ့ Sunnyကတော့ သူတို့ ဆေးပညာက သူငယ်ချင်းနဲ့ ဆွေးနွေးပြီး ကလေးယူထားတာ အခုဆို 2 နှစ် ပြည့်ခါနီးအရွယ် Soony ဆိုသော သမီးလေးနဲ့ Kyuyoung ဆိုသော သားလေး၊ အမွှာလေးမွေးထားပြီးလေသည်။ အခုလည်း နောက်ထပ် လွယ်ထားရသော ကိုယ်ဝန်က ၄လကျော်ကျော်.........
Yoona နဲ့ Jessicaတို့ကတော့ အစက ကလေး မယူသေးဘူး စဉ်းစားထားပေမယ့် ကလေးချစ်လွန်းတဲ့ Yoonaရဲ့ နေ့မနားညမနား တိုက်တွန်းချက်ကြောင့် Jessica တို့လည်း ကလေးယူဖြစ်လိုက်တာ အခုဆို သူတို့ သမီးဦးလေး Yoonie က 1 နှစ်ခွဲ အရွယ်ပင်ရောက်နေလေပြီ

YOU ARE READING
Soul (Z+U) ☑
Fanfiction(Unicode) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဥာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... (Zawgyi) ငါ့ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်တစ်ခုလုံးဟာ မင်းအတွက်ပါပဲ ချစ်ရသူ......... My 1st TaeNy Myanmar Fanfiction Started Date [Dec - 9 - 2017] Completed Date [Jun...