Chapter 26

989 89 2
                                    


Luhan'pov

ခေါင်းတွေ အရမ်းကိုက်ပြီး အိပ်နေရာကနေ
နိုးလာတယ်…Sehunဖက်ထားတာကနေ
ရုန်းထွက်လိုက်ပေမယ့် သူက ပိုလို့တောင်
တင်းတင်းဖက်လိုက်သေးတယ်…

"Sehun လွှတ်ဦး နာလို့"

ညီးညူ သံလေးနဲ့ ပြောလိုက်မှ မျက်လုံးတွေ
ဖြေးဖြေးချင်းပွင့်လာပြီး ဖက်ထားတာကို
လွှတ်ပေးတယ်…

"ဘာဖြစ်လို့လဲ baby?"

ကျွန်တော့် ခေါင်းထိပ်လေးကို နမ်းလိုက်ရင်း
အလွန်တရာမှ နူးညံ့သော အသံနဲ့ Sehunက
မေးတယ်……

"ငါ့အောက်ပိုင်းက နာနေတယ်… ပြီးတော့
ခေါင်းတွေလည်း ကိုက်နေတယ်"

နားထင်ကိုဖိရင်း ပြန်ဖြေလိုက်တယ်…

"ကဲ ကိုယ် မင်းကို ဧည့်ခန်းထဲ ခေါ်သွားမယ်
ဆေးရှိလား ကိုယ်ရှာလိုက်ဦးမယ် မရှိရင်
ကိုယ် သွားဝယ်လိုက်မယ်"

ပြောပြီးပြီးချင်း Sehunက ကျွန်တော့်ကို
သတို့သမီးလေးလို ပွေ့ချီလိုက်တယ်…

ဧည့်ခန်းထဲရောက်တော့ ဆိုဖာပေါ်
ထိုင်လိုက်ပြီး ကျွန်တော့်ကိုကျ သူ့ပေါင်ပေါ်
ပွေ့တင်ထားတယ်…သူ့လည်ပင်းပေါ်
မှီပြီး လက်တွေနဲ့ပါ ခိုချိတ်ထားလိုက်တယ်…
သူကတော့ ကျွန်တော့်ခါးကို ပွေ့ဖက်ထားတယ်

"ကြည့်ရတာ ကိုယ်တို့ပထမဆုံး နိုးတာထင်တယ် princessလေး"

သူက ကျွန်တော့်နဖူးကိုနမ်းတော့
တခစ်ခစ်ရယ်လိုက်ပြီး သူ့လည်ပင်းကို
တပြွတ်ပြွတ်ပြန်နမ်းလိုက်တယ်…

"ကိုယ်ပြန်လာခဲ့မယ် Luhan
စတိုးဆိုင်မှာ မင်းအတွက် ဆေးသွားဝယ်ရမယ်"

ကျွန်တော့်ကို ပြန်ချီလိုက်ရင်း အခန်းထဲမှာပဲ
နေဖို့ပြောတယ်…

အိပ်ယာပေါ်ပြန်ချပေးရင်း စောင်ကို
ကျွန်တော့်ပေါ် ဆွဲယူခြုံ ပေးတယ်…

"Sehun မင်းနဲ့ တစ်ယောက်ယောက်
အဖော်ခေါ်သွားပါလား… ငါ မင်းကို
ဘာမှ မဖြစ်စေချင်ဘူး"

လက်ချောင်းတွေကို ကစားရင်း
သူ့ကို ပြောလိုက်တယ်…

"Lu Baby ကိုယ်အဆင်ပြေမှာပါ…
အဆင်ပြေပါတယ် မင်းတောင် မသိလိုက်ဘဲ
ကိုယ်ပြန်လာခဲ့မှာ"

Story Of Horny GhostWhere stories live. Discover now