Chapter 21

1K 106 1
                                    


Luhan'pov

ကျွန်တော် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့
ချက်ချင်းခံစားရတာက ခေါင်းရော ခန္ဓာကိုယ်တစ်ခုလုံးရော နာကျင်နေမှုပင်…
ဒါပေမယ့် ခေါင်းကပိုပြီးတော့ နာနေတယ်…

ကျွန်တော်ထဖို့ ကြိုးစားလိုက်ပေမယ့် မရ…
ကျွန်တော့် ခြေထောက်နဲ့ လက်တွေမှာ
ချည်ထားတဲ့ ချိန်းကြိုးတွေ……
စိုးရိမ်မှုက ချက်ချင်း ခေါင်းထဲကို ဝင်လာတယ်…
ကျွန်တော့်ဗိုက်ထဲက နာကျင်မှု…
ဘုရားရေ ကျွန်တော့်ကလေးလေး…

"ဘုရား ဘုရား"

တိုးတိုးလေး ဘုရားတလိုက်သော ကျွန်တော်…
မျက်ရည်တွေက မျက်ဝန်းမှာ ဝေ့သီလာပြီ…

ကျွန်တော့် ဘေးပတ်ပတ်လည်ကို ကြည့်ပြီး
အကဲခတ်လိုက်တော့ ကျွန်တော် မြေအောက်ခန်း တစ်ခုမှာ ရောက်နေတာ…
အရမ်းမှောင်မိုက်နေတဲ့ နေရာတစ်ခု…

တံခါးဖွင့်သံ တစ်ခုကို ကြားလိုက်ရသည်။
နောက် သစ်သားလှေကားကနေ ဆင်းလာတဲ့
ဒေါက်ဖိနပ်ခြေသံ နှစ်စုံကို ကြားလိုက်ရတယ်…

ကျွန်တော်နဲ့ ကျွန်တော့်ကလေးလေး…
ကျွန်တော်တို့ ဘာမှလည်း မလုပ်ခဲ့ပါပဲ…
စိတ်ပူပြီး ဝမ်းနည်းလွန်းလို့ မျက်ရည်တွေက
မျက်နှာပေါ် စီးကျလာတယ်…

"ငိုနေတာကို ရပ်လိုက်စမ်း Baby"

ခြေသံပိုင်ရှင် နှစ်ယောက်ထဲက တစ်ယောက်က
လှောင်သလိုလို ပြောတယ်…
ဒါ ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ အသံ…

"မင်း ဘယ်သူလဲ?"

တင်းမာခက်ထန်တဲ့ အသံနဲ့ ကျွန်တော်
မေးလိုက်တယ်… တကယ်တော့ ကျွန်တော်
ကြောက်ရွံ့နေခဲ့တာ…

"အိုး ငါတို့ မတွေ့ဖူးဘဲကိုး"

သူမက ကျွန်တော့်မျက်နှာနားတိုးကပ်လာပြီး
ကျွန်တော့်ပါးကို ဖြန်းကနဲနေအောင် ရိုက်ချ
လိုက်တယ်… ထို့နောက် ကျွန်တော့်ပါးကို
ကြမ်းကြမ်းတမ်းတမ်း ဆွဲယူကိုင်လိုက်ကာ…

"ငါ့နာမည် Sara ဒါကတော့ မင်းသိပြီးသား
ဖြစ်မှာပါ LeeSoonလေ"

***

Story Of Horny GhostWhere stories live. Discover now