Chapter 17

1.3K 128 2
                                    


Luhan'pov

ဗိုက်ဆာနေတာမို့ တစ်ခုခုတွေ့လိုတွေ့ငြား
ဗိုက်ကိုပွတ်၍ မီးဖိုထဲဟိုရှာဒီရှာ လုပ်နေမိသည်………

"မုန့်ကလေးရေ……"

ခစ်ခနဲ ရယ်သံတစ်ခုကြားလိုက်ရသောအခါ
ကျွန်တော့်မျက်နှာ တင်းမာသွားသည်……

"Aw Lu ကိုယ်က မင်းဘာလုပ်နေလဲ ဆိုတာ
ဒီတိုင်းသိချင်လို့"

ဒီအသံကြီး ခွေးချီသွားတောင်မှတ်မိတယ်……

"အော်  သိချင်ရုံလေးပေါ့ဟုတ်လား
ဒါနဲ့ Sehun ငါဗိုက်ဆာလို့"

ကြောင်အိမ်ထဲကို မွှေနှောက်နေရင်း
သူ့ကို ပြောလိုက်တယ်……

သူက ရယ်တယ်……

"မင်းတော့ ဝက်ပုတ်လေးဖြစ်လာတော့မှာပဲ"

သူ့စကားကို ဂရုမစိုက်ဟန်နဲ့……

"ဘာဖြစ်လည်း မဟုတ်လည်း ဗိုက်ကြီးနေတာပဲ
ငါဝလာမှာပါပဲ"

"မှန်တာပေါ့ မှန်တာပေါ့"

"နေပါဦး မင်းဘယ်အချိန်တည်းက ဒီရောက်နေတာလဲ?
သန်းခေါင်တောင်ရောက်နေပြီ"

ပြောလည်းပြော မုန့်များတွေ့လိုတွေ့ငြား
ရှာဆဲပါပဲ……

"အင်း ကိုယ်ရောက်နေတာ လွန်ခဲ့တဲ့
တစ်နာရီလောက်ကတည်းက"

"ဘုရားရေ မင်းအဲ့လိုပဲ မပြောမဆို ပေါ်ပေါ်လာ
တော့မှာလား"

အရင်တစ်ခါတုန်းကလဲ ကျွန်တော်ရေချိုးနေတုန်း
ကြီး ရေချိုးခန်းထဲမှာပေါ်လာသေးတယ်……

"ဘာဖြစ်လဲ ကိုယ်က ဝိညာဉ်ပဲ ဒါနဲ့ ကိုယ်တို့က
ဒီလိုမျိုး ဆက်ဆံလို့ရတဲ့အခြေအနေရှိသူတွေ
မဟုတ်ဘူးလား "

သူ့စကားတွေက ဘယ်ကို ရည်ညွှန်းနေတာလဲ
သူသိရဲ့လား >///<………

"အင်းးး"

"ကဲ မုန့်ရှာနေတာ ဘယ်လောက်တောင်
ကြာနေပြီလဲ?"

သူက စိတ်မရှည်တော့ဟန်နဲ့ မေးတယ်……

"ငါလဲ မသိဘူး ဒါပေမယ့် ငါအခု
စားချင်စိတ်မရှိတော့ဘူး"

မီးဖိုထဲက ပြန်ထွက်ခဲ့ကာ အခန်းဆီသို့
ပြန်လျှောက်လာခဲ့တယ်……
သူက ကျွန်တော့်ကို ရုတ်တရက်
အခန်းထဲ တွန်းလိုက်တယ်……

Story Of Horny GhostWhere stories live. Discover now