Chapter 32

915 89 4
                                    

Luhan'pov

တစ်နှစ်ခန့်ကြာပြီးနောက် ~

ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ချစ်ရသူ
Sehunနဲ့ သမီးလေးရယ်နဲ့ ကျွန်တော် EXO
ကနေထွက်လာခဲ့တာ တစ်နှစ်လောက်တောင်
ရှိသွားပြီ…

ကျွန်တော် EXOကနေထွက်ပြီး သိပ်မကြာခင်
မှာပဲ ကျန်နေတဲ့ Memberတွေလည်း အနားယူ
ဖို့ ဆုံးဖြတ်လိုက်ကျတယ်…

Chanyeolနဲ့ Baekhyunက လက်ထပ်ပြီး
Taehyungဆိုတဲ့ သားလေးတစ်ယောက်
ရနေပြီ ဖြစ်သည်…

Suhoနဲ့ Layနဲ့ကလည်း လက်ထပ်ပြီး
သွားပြီ…သူတို့မှာတော့ Soonyoungနဲ့
Hansolဆိုတဲ့ သားလေးနှစ်ယောက်ရှိတယ်…

Krisနဲ့ Taoက တရုတ်ကို ပြန်သွားကြပြီး
သူတို့ အကြောင်းကို သိပ်မသိရ…

မန်နေဂျာ Hyungကတော့ ထောင်ထဲမှာ
နောက်ထပ် 25နှစ်လောက်နေရဦးမည်ပင်…

ကျန်တဲ့သူတွေကိုတော့ ဘယ်နေရာမှာ
ဘာလုပ်နေလဲဆိုတာ ကျွန်တော်မသိချေ…
သူတို့ တွေ UK Japan အင်း တနေရာမှာ ရှိမှာပါ……ဒါပေမယ့်လည်း ဒါတွေကို စိတ်ဝင်စားနေဖို့ ကျွန်တော့်မှာ အချိန်မရှိပါ…
ကျွန်တော့်ကိုယ်ပိုင် ဘဝလေးမှာ ကျွန်တော့်
အတွက် လုပ်စရာတွေက အများသား…

"Baby? အထဲမှာလား?"

တံခါး အပြင်ဘက်ကနေ လှမ်းအော်သော
Sehun…

"အွန်း"

ကျွန်တော် ပြန်အော်လိုက်တော့ သူတံခါးဖွင့်ပြီး
အခန်းထဲဝင်လာတယ်…

"Baby သမီးလေး အိပ်ပျော်သွားအောင်
ကိုယ် သိပ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ ကုတင်ကျယ်ကြီးပေါ်တက်ပြီး
ကျွန်တော့်ဘေး ဝင်လှဲတယ်…

"ကောင်းတယ်! နောက် Diaperလဲရမှာ
မင်းအလှည့်နော်"

ကျွန်တော် လူလည်ကျပြီး ပြုံးတော့
သူက မသဲမကွဲ လေသံနဲ့

"ကိုယ့် အလှည့်လား?"လို့ ညီးညီးညူ ညူ လေး
ပြန်မေးတယ်…

ကျွန်တော် ခေါင်းညိမ့်လိုက်တော့ သူက
သက်ပြင်းချပြီး

"ကောင်းပြီလေ"

"တော်တယ် "

သူ့ပါးကို ရွှတ်ခနဲနမ်းလိုက်တယ်…

Story Of Horny GhostWhere stories live. Discover now