Chapter 19

1.2K 118 3
                                    


Luhan'pov

Bubble Tea တစ်ဘူးလုံးကို တစ်ကျိုက်တည်း
မော့ချပစ်ဖို့ဆိုတာ တော်တော်တော့ မလွယ်တဲ့
အလုပ်……ဒါပေမယ့် အဲ့လိုလုပ်ရတာကောင်း
တယ်…ပါးစပ်ထဲရောက်နေတဲ့ဟာတွေကို
ကျွန်တော်ပြန်မထွေးချင်ဘူးရယ်………

လည်ချောင်းထဲကနေတဆင့် အောက်ရောက်
သွားတဲ့အရသာကို ကျွန်တော် ခံစားပြီး
သောက်နေမိသည်……

"လာ သွားမယ်"

Sehunက ပြောပြီး ထရပ်လိုက်တယ်…
ပါးစပ်ကပြန်မပြောနိုင်သောကြောင့်
လက်ကာပြပြီး ကျွန်တော်သူ့ကို တားလိုက်တယ်…

သူ ကျွန်တော့်ကို စိတ်ရှုပ်သလိုကြည့်ရင်း…

"မင်း အဆင်ပြေရဲ့လား"

လို့ မေးတယ်…

ကျွန်တော် သူ့ကို ခေါင်းခါပြလိုက်ပြီး
သန့်စင်ခန်း ထဲကို ပြေးဝင်လို့
Bubble Teaတွေအကုန်အန်ချလိုက်ပါတော့
တယ်……

"ကောင်းကောင်း အန်လိုက်တာပဲ "

ကိုယ့်ကိုကိုယ် တီးတိုးရေရွတ်ရင်း
သဘောကျစွာ ရယ်လိုက်မိသည်…
ပါးစပ်နဲ့ လက်ကိုဆေးကြောပြီး
Bubble Teaဆိုင်ထဲကထွက်လို့
Sehunနဲ့ အတူ Dormကို ပြန်ခဲ့ပါတော့တယ်..

………………………………………………………

12:00

Dorm ကို ကျွန်တော်ရောက်တော့
တစ်အိမ်လုံး တိတ်ဆိတ်နေတယ်…
နောက်မှ သတိရမိတာ Memberတွေ
အကုန်လုံး လေ့ကျင့်နေကြတာပဲ…
ကျွန်တော်လည်း ကိုယ့်အခန်းကိုယ်
တက်ခဲ့လိုက်တယ်… Sehunကတော့
ကျွန်တော့်နောက်ကနေ ကပ်ရက်ပါလာတယ်…

တံခါးကို တွန်းဖွင့်လိုက်ပြီး အိပ်ယာထဲကို
ဒိုင်ဗင်ထိုး အိပ်လိုက်တယ်…… ကျွန်တော်
အရမ်း ပင်ပန်းနေပြီ……

"မင်းဒီမှာ ငါနဲ့နေမပေးလည်း ရတယ်
ငါအဆင်ပြေပါတယ်"

Sehunကို ပြောလိုက်ပြီး ကျွန်တော့်မျက်လုံး
တွေကို ဖွင့်လိုက် ပိတ်လိုက် ဆော့နေတယ်…
သူကရယ်ပြီး…

"မင်း အိပ်နိုင်တယ်ပေါ့ ဟုတ်လား"

သူ့မေးခွန်းကို ခေါင်းညိမ့်ဖြေလိုက်ပြီး
သိပ်မကြာခင်မှာ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်
အိပ်မောကျသွားတော့တယ်……

Story Of Horny GhostWhere stories live. Discover now