Chapter 13

1.5K 136 3
                                    


Luhan'pov

"Luhan ဒီကိစ္စကို ပြောရမှာ
အားနာပေမယ့်……ဒါက…"

ကျွန်တော် စိတ်မရှည်စွာ…

"လိုရင်းကိုပဲပြောပါ"

ဆရာဝန်က သက်ပြင်းချတယ်…
သူက ကျွန်တော့်ဘေးကို လျှောက်လာပြီး
နားနားကပ်ကာ……တစ်ခုခုကို…
တိုးတိုးလေးပြောလိုက်လေတယ်.……

သူမေးတဲ့ မေးခွန်းက ကျွန်တော့်ကို
အလွန်အမင်း … အံ့အားသင့်စေသည်…
ဒါပေမယ့် အဖြေကို မြန်မြန်ပဲ…
ပြန်ဖြေလိုက်တယ်…

"ဟင့်အင်း"

"ဒီလိုဆို ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

Dr.Kimက မချင့်မရဲနဲ့ ရေရွတ်လေတယ်…

"အဲ့ဒါ ဘာလဲ"

ကျွန်တော်မေးလိုက်တော့…သူက
စစ်ဆေးထားတဲ့ ရလဒ်စာရွက်ကို
ကျွန်တော့်ဆီကမ်းပေးလာတယ်…
ကျွန်တော့် နှလုံးခုန်နှုန်းတွေ မြန်နေတယ်……

စာရွက်ကို ထိတ်လန့်စွာ ငုံ့ကြည့်နေရင်း……
ကျွန်တော် ငိုချင်လာတယ်…
ကျွန်တော် ဘာလုပ်ခဲ့မိလို့လဲ……

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ကျွန်တော် သူ့ကို အော်လိုက်တယ်…
သူက သက်ပြင်းချပြီး…

"ကျွန်တော်လည်း မသိတော့ဘူး…
ဒါက ရောဂါလည်းဖြစ်နိုင်ပါတယ်…
ဒါမှမဟုတ်ရင်တော့…ဒါက…"

သူ သက်ပြင်းချပြန်တယ်……

"ခဏလောက် ကျွန်တော် တစ်ယောက်ထဲ
နေလို့ရမလား "

ကျွန်တော်မေးလိုက်တော့…
သူက ခေါင်းငြိမ့်ပြပြီး…
အခန်းအပြင်ကို…ထွက်သွားပေးတယ်…

အရိပ်တစ်ခု အခန်းထဲဝင်လာတာကို
မြင်လိုက်တယ်………

Sehun…!!! ကျွန်တော် သူ့ကို
လွမ်းနေခဲ့တာ……

ဝမ်းနည်းမှုကို ချုပ်ထိန်းမရစွာပဲ…
ကျွန်တော် ငိုလိုက်မိတော့တယ်…

"ဘာလို့ ငိုတာလဲ?"

Sehunက ချော့ပြီးမေးတယ်…
ကျွန်တော် သူ့ကို စာရွက်ပြလိုက်တယ်…
သူ………သူ့မျက်လုံးတွေ ပြူးသွားတယ်………

Story Of Horny GhostWhere stories live. Discover now