Chapter 28

945 85 0
                                    


Luhan'pov

Sehunကို သူတို့ရှာမတွေ့သေးချိန်…

"သူ ဒီမှာရှိတာ သေချာလား"

ကျွန်တော်တို့ တတွေ အဆောက်အဦးရဲ့ အောက်ဘက်ကို ဆင်းနေကြရင်း
ကျွန်တော် မေးလိုက်တယ်…

"သေချာတယ် Luhan"

Chanyeolက သေချာတဲ့ အသံနဲ့ ကျွန်တော့်ကို
ပြန်ပြောတယ်… သူ့ကို ပြန်ပြုံးပြလိုက်တယ်…

Memberတွေပြောပုံအရ မန်နေဂျာနဲ့ Sehunက Sehunနဲ့ ပထမဦးဆုံးတွေ့ခဲ့တဲ့
အဆောက်အဦးပျက်ကြီးထဲမှာ ရှိနေကျတယ်…

ကြမ်းပြင်ကို စိုက်ကြည့်နေရင်း
ကျွန်တော့်အတွေးထဲမှာ သူတို့ကိုရှာတွေ့ရင်
မန်နေဂျာHyungကို သတ်မယ်ဆိုတဲ့
အတွေးတွေပဲ ရှိနေတယ်…

"Luhan ရောက်ပီ"

Kyungsoo Hyungက ကျွန်တော့်ပခုံးကို
ပုတ်လိုက်တာကြောင့် သတ်မယ် သေမယ်ဆိုတဲ့
အတွေးတွေထဲကနေ ကျွန်တော့်သတိပြန်ဝင်
လာတယ်.…

"ကောင်းတယ်"

တံခါးမကြီးက ပျက်စီးနေတာမို့ ဝင်ရတာ
သိပ်မခက်ပေ…အထဲကို ဝင်လို့ သိပ်မကြာခင်
မှာပဲ အသံတိုးသဲ့သဲ့ကို ကြားလိုက်ရတယ်…

"ကျွန်တော် သူတို့အသံတွေကြားတယ်
မြန်မြန်လာကျ"

အသံကြားရတဲ့ဘက်ဆီ ခြေလှမ်းသွက်သွက်နဲ့
မပြေးရုံတမယ် ကျွန်တော် လျှောက်သွားလိုက်တယ်……

လှေကားကနေ ဖွဖွလေးတက်နေရင်း ကြားရတဲ့ အသံတွေက တဖြည်းဖြည်း  ပိုကျယ်လာတယ်…
Memberတွေ နောက်မှာကျန်နေခဲ့တယ်…

"Luhan နေဦး"

Chenက ကျွန်တော့်ဘေးပြေးလာပြီး
တိုးတိုးလေး ပြောတယ်…

"ဖြေးဖြေးလေးလျှောက် အဲ့ဒါမှ ဘယ်အခန်းလဲ
ဆိုတာ ကျွန်တော်တို့ သေချာကြားရမှာ"

သူ့နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်တော့
ခေါင်းပြန်ညိမ့်ပြတယ်……

အဲ့အချိန်မှာပဲ အသံတစ်ခုက ကျွန်တော်တို့
ကျော်လာတဲ့ ဒုတိယတံခါးကနေ ထွက်လာတာကို ရှင်းရှင်းလင်းလင်းကြားလိုက်
ရတယ်……ကျွန်တော် တံခါးနား ကပ်ပြီး
နားထောင်ကြည့်လိုက်တော့ Sehunရဲ့
အသံကို ကြားရတယ်……

Story Of Horny GhostWhere stories live. Discover now