Chapter 31

945 99 1
                                    


Luhan'pov

လေးလကြာပြီးနောက် ……

EXOမှာပဲ ဆက်နေဖို့ ကျွန်တော် ဆုံးဖြတ်လိုက်
တယ်…ဒါပေမယ့် ဖျော်ဖြေပွဲတွေ လေ့ကျင့်ရေး
တွေ တွေ့ဆုံတာတွေ နှုတ်ဆက်ပွဲတွေ
တစ်ခုမှ ကျွန်တော် မလုပ်… နည်းနည်းလေး
ရူးဖို့ကောင်းတယ် ဟုတ်?

ဒါပေမယ့် ကျွန်တော့် memberတွေကို
အရမ်းလွမ်းတယ်…Sehunက အခု ကျွန်တော့်
ဘေးမှာ တစ်ချိန်လုံးရှိနေပေးတယ်…
ကျေးဇူးစကားကို ထပ်ပြီးတောင် မပြောနိုင်
လောက်တော့တဲ့အထိ……

အခု ကျွန်တော့် ကိုယ်ဝန်က ကိုးလ ရှိနေပြီ…
ဘယ်အချိန်မဆို ကလေးက ထွက်လာနိုင်တယ်
ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်…
ဟုတ်တယ်…ကြောက်နေတာ……

အခုလောလောဆယ် Dormမှာ ကျွန်တော်
တစ်ယောက်ထဲ…Memberတွေက 1နာရီခွဲထိ
ပွဲရှိတယ်…အခုမှ 11နာရီရှိသေးတာ…
Sehunက ကျွန်တော့်ကားနဲ့ မုန့်သွားဝယ်နေ
တယ်…

သက်ပြင်းချပြီး အိပ်ယာကနေထကာ မီးဖို
ထဲကို ကျွန်တော် သွားလိုက်တယ်…
ကျွန်တော်ဗိုက်ဆာနေပြီ…အင်း တကယ်တော့
ကျွန်တော် ဗိုက်မဆာဘူး…

ရုတ်တရက် ဗိုက်အောက်ပိုင်းနားကနေ မခံမရပ်နိုင်အောင် နာလာတယ်……
ဗိုက်ပူပူကို ဖိကိုင်လိုက်ပေမယ့် နာကျင်မှုတွေက
လျှော့မသွား……

ခြေလှမ်းတွေကို ရေချိုးခန်းဘက် ပြန်လှည့်လိုက်
တယ်……ဗိုက်ကိုဖိပြီး လမ်းလျှောက်နေရင်း
ကနေ လည်ချောင်းထဲကနေ အန်ချင်သလိုမျိုး
ပျို့တက်လာပြန်သည်…အန်ချင်စိတ်ကို
ထိန်းကာ ရေချိုးခန်းထဲထိ ရောက်အောင်
သွားသော်လည်း ဗိုက်ကဝေဒနာကြောင့်
ကျွန်တော် ဆက်မသွားနိုင်တော့……
နောက်ဆုံး သစ်သားကြမ်းပြင်ပေါ်မှာပဲ
ကျွန်တော် အန်ချပစ်လိုက်တော့တယ်……

ဒါပေမယ့် အန်တာက ကျွန်တော် စားသောက်
ထားတာတွေ မဟုတ်……

သွေးတွေ…အများကြီး……

ပါးစပ်ထဲကနေ သံလို ငံကျိကျိ အရသာဆိုးဆိုး
ဝါးဝါးကို ခံစားမိတယ်……ကျွန်တော် ထပ်ပြီး
အန်ချင်လာပြန်ပြီ……

Story Of Horny GhostWhere stories live. Discover now