Chapter 16

1.3K 144 0
                                    


Luhan'pov

ကျွန်တော်တို့ အကုန်လုံး ကိုယ်ကရမည့်
ဆိုရမည့် အပိုင်းတိုင်းကို သေချာ လေ့ကျင့်နေကြ
သည်…… နောက်ပြီးတော့ ကျွန်တော်ဟာ
ခုနှစ်မိုင်လောက် မရပ်မနား ပြေးထားတဲ့
အပြေးသမားတစ်ယောက်လိုမျိုး မောပန်းပြီး
ချွေးတွေထွက်နေတာပဲ………

တကယ်ကို မောပန်းနွမ်းနယ်နေမိသည်……
ဘယ်လိုပြောရမလဲ .……… လိင်ဆက်ဆံ
ပြီးခါစ လူတစ်ယောက်လိုမျိုး ……

"Luhan မင်း အဆင်ပြေရဲ့လား"

ကျွန်တော်တို့ တတိယသီချင်း Growlကို
လေ့ကျင့်ပြီးတဲ့အခါမှာ Chanyeol Hyungက
ကျွန်တော့်ကို မေးလာတယ်……

"အင်း…ကျွန်…တော်…အ.အဆင်ပြေပါတယ်"

အသက်ကို ခပ်ပြင်းပြင်းရှုနေရင်းမှ ကျွန်တော်
ပြန်ဖြေလိုက်တယ်……

"တစ်ခုခု လိုလို့လား "

Hyungက စိုးရိမ်စွာနဲ့ နောက်တစ်ခါ ထပ်မေး
ပြန်တယ်…

"ရေ"

သူက ခေါင်းငြိမ့်ပြီး အောက်ထပ် ဟောခန်းထဲမှာရှိတဲ့ vending machine
ဆီဆင်းသွားတယ်……

"အဆင်ရောပြေရဲ့လား"

Kyungsoo Hyungက ကျွန်တော့်နောက်ကျော
ကိုဖြေးဖြေးလေးပွတ်ပေးရင်း မေးတယ်……
ကျွန်တော်ခေါင်းငြိမ့်လိုက်ပြီး…

"အင်း သိပ်စိုးရိမ်မနေပါနဲ့ "

ပြောပြီး ထိုင်နေရာကနေ ထဖို့ရန် ပြင်လိုက်
ပေမယ့်…တစ်စုံတစ်ခုကို ခံစားရတယ်……
ကျွန်တော်………အန်ချင်လာတာ……

"Kyungsoo Hyung ကျွန်တော်… အန်ချင်…"

ပါးစပ်ကို လက်နဲ့အုပ်ကာ သန့်စင်ခန်းရှိရာသို့
ပြေးရတော့သည်…… လမ်းမှာ Chanyeol
Hyungကို ဝင်တိုက်မိတယ်ထင်တယ်……

"Luhan"

သူ့အော်သံကို ကြားလိုက်ပြီး ကျွန်တော့်နောက်
ကိုပြေးလိုက်လာလေသည်…… သန့်စင်ခန်း
တံခါးကို ဖွင့်လိုက်ပြီး ပထမဆုံးမြင်တဲ့
အခန်းထဲ ပြေးဝင်လိုက်တယ်…

မနက်က စားထားတဲ့ အစာတွေအကုန်လုံးကို
အန်ထုတ်ပစ်တယ်…ပြီးသွားပြီထင်သော်လည်း
…ထပ်အန်ချင်လာပြန်ရော…တော်တော်လေး
လည်း နာကျင်ပါတယ်……

Story Of Horny GhostWhere stories live. Discover now