" မင်းကြီး ကြွချီလာပါပြီ ......... "
အထိန်းတော်ကြီးရဲ့ အသံကို ကြားလိုက်သည်
နှင့် စာအုပ်ကို ခေါင်းအုံးကာ အိပ်ပျော်နေရာမှ
ဝုန်း ကနဲ ထရပ်လိုက်သော အိမ်ရှေ့မင်းသား
ကြောင့် စာသင်ပေးနေသော ဆရာပင် လန့်ဖြန့်သွားရသည်" ဆရာ ............... ခမည်းတော် ကြွလာပြီတဲ့ ..................... မြန်မြန် ......... မြန်မြန် "
ကိုယ်ပေါ်က အဝတ်အစားတွေကို သပ်ရပ်အောင်ပြုပြင်ကာ ဘေးမှာကျနေသော
ဦးထုပ် ကိုကောက်ဆောင်းလိုက်ပြီး စာအုပ်ကို
ရှေ့ချကာ ထိုင်နေလိုက်သည်" မင်းသားလေး ............... မင်းကြီး ကြွချီလာပါတယ် ............ "
စာသင်ဆောင်ထဲကို မင်းကြီးဝင်လိုက်သည်နှင့်
အရိပ်ကလေးလို လွင့်ခနဲပြေးလာကာ ဖခင်ဖြစ်သူ မင်းကြီးကို ဖက်လိုက်တဲ့ မင်းသား
ကြောင့် မင်းကြီးသဘော ကျစွာ ရယ်လိုက်သည်" ဟား ဟား ဟား ဟား ......... မင်းသားလေး
စာသင်ရတာများလို့ ပင်ပန်းနေပြီလား "" မပင်ပန်းပါဘူး ...... ခမည်းတော် ကြွလာလို့
ပျော်သွားမိလို့ပါ ............ "အသက် ၁၇ နှစ်သာ ရှိသေးသော အိမ်ရှေ့စံလေးရဲ့ ကလေးဆန်မှုတွေကို ချစ်စ
နိုးကြည့်နေမိရင်း ပူပန်သောက တို့ကြောင့် သက်ပြင်းချမိပြန်သည်မိမိ၏သားတော်ဖြစ်သူမှာ တိုင်းပြည်ရေးရာတွေ
သင်ယူဆဲဖြစ်သော်လဲ ဝါသနာမပါ သည်က
တစ်ကြောင်း ဖြူစင်လွန်းသည်က တစ်ကြောင်း
ကြောင့် လူတွေရဲ့စိတ်ကို နားမလည်ချေအာ
ဏာ ဆိုသည်ကိုလဲ မက်မောခြင်းမရှိ နန်းတွင်း
ဆိုသည်ကား အန္တရာယ်များလွန်းသော တောနက်ကြီးသာ ဖြစ်သည်မို့အမှားတစ်ချက်နှင့်ပင် အသက်ကို ဆုံးရှုံးနိုင်သည် မို့ လူ့လောက အကြောင်း နားမလည်သော သားတော်အတွက် စိုးရိမ်ပူပန်
မှုများ တစ်နေ့ထက် တစ်နေ့ပိုမိုတိုးပွားလာတော့သည်ရိုးသားဖြူစင်လွန်းသော သားတော်လေးကို
ဘိုးဘေးတွေစောင့်ရှောက်ပါစေဟုသာ ဆုတောင်းပေးမိတော့သည်@@@@@@@@@@@
" အိမ်ရှေ့စံ "
" ဦးရီတော် ............ "
YOU ARE READING
မင်းလေးပါး
Fanfictionအငြှိုးအတေးတစ်ခုကြောင့် ချစ်သူနှလုံးသားကို ပစ်မှတ်တည် မိမိ နှလုံးသားကို လောင်စာ အဖြစ်သုံး နှလုံးသွေးချင်းပေါင်းစပ်ကာ ရေးသားဖြစ်ခဲ့တဲ့ မှတ်တမ်းတစ်ပုဒ်ကို ရင်နင့်စွာဖြင့် အစချီ ရသော် ----------- @K