>>>>>>> 5

2.1K 119 11
                                    

အပြာရောင်ပိုးထည်ဝတ်​စုံလေးနှင့်မင်းသား​လေး Jongin သည် သာမာန်သခင်လေးတစ်ေ​​ယာက်​နှယ် သန့် ပြန့် ​​​နုပျိုသော ရုပ်သွင်က
ထည်​၀ါမြင့်​မား​သော အိမ်​​တော်​တစ်​ခုမှ သားတစ်​​ယောက်​ဟုသာ
ထင်​ရက်​နိုင်​စရာရှိပြီး နန်း​တော်​ထဲက အိမ်​​ရှေ့မင်းသားတစ်​​ယောက်
ရဲ့အ​ပေါ်ယံပကာသန​တွေမရှိ ပကတိဖြူ စင်​လို့​နေသည်​။

နန်းဆောင်ကနေ ခိုးထွက်သည်ကို မယ်တော်သိလျှင် သွေးတက်ပေလိမ့်မည် ။ လွှတ်လပ်မှု ကို ပထမဆုံးခံစားမိသလိုပင် အပျံသင်စငှက်ကလေးတကောင်လိုပင် စိတ်​​ကောလူပါ မြူးထူး​ပေါ့ပါးလို့​နေသည်​။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က အိမ်မက်ဆိုးသည် ယခုခ်ျိန်ထိ နှောင့်ယှက်နေဆဲပင် ။ ဦးရီးတော်ရဲ့အထိအတွေ့ များကို မိမိသွေးသားကတမ်းတနေမြဲဖြစ်သည် ။

ဦးရီးတော်မရှိသဖြင့် jongin လွှတ်လပ်မှု ကို ခံစားနေရသည် ။ မဟုတ်လျှင် ဦးရီးတော်သည် မိမိ ကို နှိပ်စက်နေအုန်းမည် မှာ မလွဲ ။

ဦးရီးတော်သည် သံတမာန်အဖြစ် ခန့် အပ်ချင်းခံရပြီး နယ်စပ်သို့ ခရီးထွက်နေရသည် ။ ဝမ် နိုင်ငံနှင့် ဂျိဆွန်းနယ်စပ်ကြားရှိ ကျန်းရှောင် မြို့ သည် လက်မှု ပညာ။ စီးပွားရေး ။ တွင်းထွက်သဘာဝ ပစ္စည်းများ စုဝေးရာနေရာအဖြစ် ကျော်ကြားသည် ။ ထိုနယ်စပ်သည် နိုင်ငံနှစ်ခုကြားတွင် အဓိကနေရာအဖြစ်တည်ရှိနေသည် ။

နယ်စားမင်း၏ သားတော် မွေးနေ့ အတွက် လက်ဆောင်ပစ္စည်းများချီးမြှင့်ရန်နှင့် စီးပွားရေး နဲ့ စစ်ရေးအတွက် ဆွေးနွေးရန် အရည်​အချင်းအရှိဆုံးနဲ့ ဘုရင်မင်းမြတ်၏ အယုံကြည်ရဆုံး သံတမာန်အဖြစ် ဦးရီးတော်ကို စေလွှတ်လိုက်ခြင်းဖြစ်သည် ။

jongin သည် အစောင့်များကို ဖြတ်ကျော်ကာ နန်းတွင်း ပပြင်သို့ ရောက်​ရှိလာသည် ။ ယခုမှ လွတ်လပ်​သော ​​လေကိုတ၀ရှူရှိုက်လိုက်ရပြီးအားအင်များပြည့်သွားသလိုခံစားလိုက်ရသည် ။

လူရုပ်နေသော ဈေးတန်းက Jongin အတွက် အထူးဆန်းဖြစ်နေမိသည် ။ နန်းတွင်းထဲမှာလမ်း​လျှောက်​ရင်​ ကိုယ့်​အရိပ်​မြင်​သည်​နှင့်
ပြားပြားဝပ်​ကာ အရိုအ​သေအ​ပေးခံရ​သော်​လည်း ယခု​ဈေးတန်း​လေးက လူ​တွေက​တော့ သွားလိုရာသွား လာလိုရာလာ မိမိတို့၏အလုပ်
ကိုယ်​စီဖြင့်​ Jong in ကို သတိပင်​မထားမိကြ ။

မင်းလေးပါးWhere stories live. Discover now